Mon State News

0 0
Read Time:1 Minute, 47 Second

ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက် မှု ခရစ်ယာန်ဘုရားကျောင်းနှင့်နေအိမ် ၁၇ လုံးပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့်နေအိမ် ၁၇ လုံးပျက်စီးခဲ့ကြောင်း KNU ဒူသထူ ခရိုင်က ထုတ်ပြန်သည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီ ၄၃ မိနစ်တွင် တစ်ကြိမ်၊ ၄၈ မိနစ်တွင် တစ်ကြိမ် ကေ အဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင်၊ ဘီး လင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်ကျေးနယ်အုပ်စု၊ တဂေးလောင်းချောင်းဖျားကျေးရွာ ခရစ်ယာန်ဘုရား ကျောင်းဝန်းအတွင်းသို့ ပေါင် ၅၀၀ ဗုံးသီး (၁) လုံး ၊တဂေးလောင်းချောင်းဖျားကျေးရွာထဲသို့ ပေါင် ၅၀၀ ဗုံးသီး (၁) လုံး ကြဲချခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပထမ (၁) ကြိမ်တွင် တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန် ဘုရား ကျောင်း (၁) လုံး ပျက်စီးပြီး ဒုတိယ (၁) ကြိမ်တွင် တဂေးလောင်းချောင်းဖျားကျေးရွာ ပြည်သူနေ အိမ် (၁၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ တဂေးလောင်းချောင်းဖျားကျေးရွာအတွင်း ပေါင် (၅၀၀) ဗုံး ၂ လုံး ကြဲချမှုကြောင့် ထိခိုက်ပျက်စီးမှုများ။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *