Magway News

0 0
Read Time:4 Minute, 41 Second

ရေစကြိုမြို့နယ်၊ ပခန်းမြို့မြောက်ဘက်၌ တိုက်ပွဲဖြစ်ပြီး အရာရှိ ၁ ဦး အပါအဝင် စစ်သား ၁၀ ဦး ထက်မနည်းသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ပခန်းမြို့မြောက်ဘက်၌ တိုက်ပွဲဖြစ်ပြီး အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီက ရေစကြိုမြို့ ခလရ ၂၅၆ ၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းများမှ အင်အား ၇၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ပခန်းမြို့မြောက်ဘက် လမ်းခုလတ်တနေရာအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲစဖွင့်တော့ ၂၀ အစိပ်လောက်က တုံးလုံးပက်လက်တွေဖြစ်ကုန်တာ၊ သေတာတွေရော၊ ဒဏ်ရာရတာတွေပေါ့၊ ပြေးတဲ့ဟာတွေပြေး ၊ ပစ်တာတဲ့ဟာတွေနဲ့ ပြန်ပစ်ပေါ့၊ အင်္ကျီတွေချွတ်ပြီး သေနတ်ကို ပတ်အလံဖြူထောင်တဲ့သူတွေက ထောင်နဲ့၊ သူတို့အချင်းချင်းလည်း ပစ်ခတ်လို့ သေ တာတွေရှိတယ်။ တိုက်ပွဲချိန်က ကြာသွားတာ။ ကျနော်တို့ဘက်က ကျည်မလောက်ဖြစ်သွားတာ၊ သေနတ် တွေနဲ့ စခတွေနဲ့ ပိုးလိုးပက်လက်လန်နေတာကို ကျည်မလောက်တော့ တက်မကောက် နိုင်ခဲ့ဘူး။ နီးစပ်တဲ့နေရာ တွေလောက်ပဲကောက်ယူခဲ့ရတာ။” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံကိုအောင်မောင်းက ပြောကြားသည်။

 

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ ကစဉ့်ကလျားဖြစ်သွားပြီး ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းမှ ဟောင်ဝှစ်ဇာလက်နက်ကြီး ၅ လုံးဖြင့် ပစ်ကူပေးသည့်အပြင် ရေစကြိုမြို့ တောင်အို စစ် ဆေးရေး ဂိတ်မှလည်း လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း သိရသည်။

 

“မြောက်ပြင်သင်္ချိုင်းကုန်းမှာ အလောင်းတွေမြှုပ်ထားတာရှိတယ်။ မြောက်ပြင်ဆေးရုံကိုလည်း ဒဏ်ရာတာတွေရော၊ အလောင်းတွေရော သယ်သွားတာရှိတယ်။ တိုက်ပွဲအတွင်းမှာဆိုရင် ကျနော်တို့ ဘက်ဆီပြေးလာတဲ့သူတွေကို သူတို့အချင်းချင်းပစ်သတ်တာမျိုးတွေရှိတယ်၊ တစ်ချို့က လပွတ္တာ ဘက်ကနေ စစ်မှုထမ်းတွေပါတယ်၊ ကဒ်ပြားလေးတွေတွေ့တယ်။ တစ်ချို့ကမတိုက်ချင်ဘူး။ တိုက်ပွဲ ဖြစ်တာနဲ့ ပြေးတဲ့ဟာတွေလည်းတွေ့တယ်။ ဒဏ်ရာရ ၁၅ ဦးထဲမှာ၊ ၃ ပွင့်ဗိုလ်ကျော်လင်းဦးဆို တာ ကလည်း ရင်ဘတ်ကျည်ဖောက်ဝင်ထားတာ၊ ပေါက်တော့မထွက်ဘူး။ ပြီးတော့ ဘောမှန်တဲ့သူလည်း ပါတယ်။  အချိန်မီမခွဲစိပ်နိုင်ရင် သူတို့က သေဖို့ရှိတယ်။” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန်ခံ ကို အောင်မောင်းက ရှင်းပြသည်။

 

တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများတွင် ဗိုလ်ကြီးကျော်လင်းဦး ရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာ အပြင်းအထန်အပြင် တပ်ကြပ် ကျော်သီဟထွန်း အပါအဝင် ၁၅ ဦး တို့ရှိပြီး ၎င်းတို့ကို ဖေဖော်ဝါရီလ ၁၂ ရက် နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် ပခုက္ကူမြို့သို့ သယ်ဆောင်သွားကြောင်း သိရသည်။

အဆိုပါ တိက်ခိုက်မှုကို Southern YSO PDF “နတ်မိချောင်း စစ်ဆင်ရေး ” မှ ဦးဆောင်ကာ Southern Local တပ်ပေါင်းစု ညီကိုများ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား များအသုံးပြုသော MA 3 အမျိုးအစားသေနတ် ၁ လက်၊ MA1 အမျိုးအစား သေနတ် ၄ လက် သိမ်း ဆည်းရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့က တော်လှန်ရေးကို တော်လှန်ရေးနဲ့တူအောင်သွားနေပါတယ်။ ကျနော်တို့တပ်ဖွဲ့တွေက ပြည်သူ့ကို အားကိုးပြီးတော့ ပြည်သူ့အထောက်အပံ့နဲ့သွားနေတဲ့ Local PDF တွေပါ။ တော်လှန်ရေး ပြီး မြန်မြန်ဆန်ဆန်လုပ်ချင်ပေမယ့် ခဲယမ်းလိုအပ်မှုရှိနေလို့ တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင် ပေးကြပါလို့ မိဘပြည်သူတွေကို မေတ္တာရပ်ခံချင်ပါတယ်” ဟု Southern YSO PDF တပ်ဖွဲ့မှ တာဝန် ခံ ကိုအောင်မောင်းက ပြောဆိုသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *