Poem

0 0
Read Time:1 Minute, 44 Second

ကဗျာကဏ္ဍ “နွေဦးတိုက်ပွဲ”

 

ပျိုးကြဲလက်

 

လေရူးတိုက်မြဲ ၊ လေထန်ဆဲတွင်

နီရဲလက်ပံ ၊ ဥဩသံနှင့်

ဆူညံဟစ်ကြွေး ၊ ပြည့်စစ်ခွေးတို့

ကျွေးသည့်ပြည်သူ ၊ ပြန်ကိုက်မူ၍

တူညီဆန္ဒ ၊ ကိုယ်စီပြလျက်

သပိတ်တိုက်ပွဲ ၊ ပြည်လုံးနွှဲက

ဆူဆဲမောင်းတင် ၊ သေနတ်ဒင်နှင့်

မြင်မြင်သမျှ ၊ ထုရိုက်ကြသည်

သပိတ်ကွဲအောင် ၊ ပစ်ခတ်ဆောင်လည်း

ညီနောင်သွးတို့ ရဲခဲ့သည် ။

 

ရေဗူးပိုက်ဆွဲ ၊ မိဘခွဲကာ

အားခဲရုန်းကန် ၊ လေ့ကျင့်ပြန်၍

ဝေးလံခေါင်ဖျား ၊ ဂနိုင်ကြားမှ

ပြည့်သားမောင်မယ် ၊ ရင်သွေးငယ်တို့

စိတ်ဝယ်မျှော်မှန်း ၊ ရောင်နီသန်းလျှင်

အောင်ပန်းဝေစီ ၊ ငါတို့ပြည်၏

တိူညီလျှောက်လှမ်း ၊ ဖက်ဒရယ်လမ်းက

မိုးဆမ်းပန်းနှယ် ၊ ဂုဏ်တင့်တယ်လျက်

ခြယ်လှယ်မှုကင်း ၊ ရနံ့သင်းမည်

စစ်ခင်းဖော်ဆောင် ၊ တို့ပြည်ထောင်ကို

တည်အောင်တွေးလို့ ခဲခဲ့သည်။

 

နွေဦးတိုက်ပွဲ ၊ စစ်ဆင်နွှဲက

ပြည်ထဲပြည်ပ ၊ စုံညီထ၍

ဖေးကြမကြ၊ ဝင်ပါကြသော်

ပြည်မတောင်တန်း ၊ စိတ်ရွှင်လန်းလျက်

အောင်ပန်းကိုယ်စီ ၊ အောင်တေးသီက

အောင်ပြီဟစ်ကြွေး ၊ စစ်ဆင်ရေးသည်

လူမွေးလူတောင် ၊ ပြည်လုံးပြောင်အောင်

သားမောင်တို့သွေး ၊ စွန့်လွှတ်ပေးသည့်

မနှေးရွက်ဆောင် ၊ တိုင်းရင်းနောင်၏

ပြည်ထောင်ရေးမို့ မြဲခဲ့သည် ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၉ နာရီ ၅၆ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *