NUG News

0 0
Read Time:6 Minute, 12 Second

နွေဦးတော်လှန်ရေးသည် နိုင်ငံသူ၊ နိုင်ငံသားအားလုံး “ကြောက်ရွှံမှုကနေ လွတ်မြောက်ရေး” ဖြစ် သည် နိုင်ငံတော်ယာယီသမ္မတ ပြောဆို (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

လက်ရှိနွေဦးတော်လှန်ရေးသည် နိုင်ငံသားအားလုံး “ကြောက်ရွှံမှုကနေ လွတ်မြောက်ရေး” ဖြစ် ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

 

ယနေ့‌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်သည့် (၇၈) ကြိမ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်း နေ့ အထိမ်းအမှတ် အခမ်းအနား၌ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“လက်ရှိ နွေဦးတော်လှန်ရေးဟာ ဗမာနဲ့ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရယ်လို့ ခွဲခြား တော်လှန် နေ တဲ့ တော်လှန်ရေး မဟုတ်ဘူးဆိုတာ သတိချပ်ဖို့ လိုပါတယ်။ နွေဦးတော်လှန်ရေးဟာ ကျွန်တော် တို့ နိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးစုအားလုံး၊ ပြည်သူလူထုအားလုံး/ နိုင်ငံသားအားလုံး လွတ်မြောက်ရေး ဖြစ်ပါ တယ်။ နွေဦးတော်လှန်ရေးဟာ နိုင်ငံရေးအရ လွတ်မြောက်ရေးဖြစ်သလို၊ လူမျိုးရေးအရလည်း လွတ်မြောက်ရေး ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုလူတန်းစားအားလုံးဟာ အဖိနှိပ်ခံဘဝမှ အလုံးစုံ လွတ် မြောက်ရေးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံသူ – နိုင်ငံသားအားလုံးဟာ လက်နက်နဲ့ ဖိနှိပ်ခံရတဲ့ ဘေး ဒုက္ခကနေ အလုံးစုံ လွတ်မြောက်ရေးဖြစ်ပါတယ်။ လိုရင်းချုပ်ပြီး ပြောရရင် ကျွန်တော်တို့ အားလုံး ဟာ “ကြောက်ရွံ့မှုကနေ လွတ်မြောက်ရေး” ဖြစ်ပါတယ်။ ဒါဟာ နွေဦးတော်လှန်ရေးရဲ့ အနှစ်သာရ ဖြစ်ပါ တယ်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ လွတ်လပ်ပြီး ခေတ်နောက်ပိုင်း ဖြစ်ပျက်ကြုံတွေ့ခဲ့တဲ့ တော်လှန်ရေးတွေထဲမှာ အကြီးကျယ်ဆုံး၊ အပြင်းထန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးသော လူထုတော် လှန်ရေးဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အားလုံး အသိအမှတ်ပြု ကြဖို့ ဖြစ်ပါတယ်။” ဟု နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

နွေဦးတော်လှန်ရေးအတွင်းမှာ ပင်လုံသဘောတူညီမှုကဲ့သို့ ပြည်မနှင့် တောင်တန်းအကြား တော်လှန် ရေး ပဋိညာဉ်တစ်ရပ် ခိုင်ခိုင်မာမာ ပေါ်ပေါက်ရေး အလိုရှိကြောင်း၊ ထို့အပြင် တိုင်းရင်းသားလူမျိုးစု အားလုံး ပေါင်းစည်းဖွဲ့တည်ထားသည့် မဟာမိတ်စစ်ရေး တပ်ပေါင်းစု ကြီး ပေါ်ပေါက်ရေးအတွက် မျှော်လင့်ထားကြောင်း အသိပေးထားသည်။

 

“လက်ရှိ အချိန်မှာ ဘုံရန်သူဟာ တစ်ယောက်တည်း / တစ်စုတစ်ဖွဲ့တည်းဆိုတာ ထင်ရှားနေပြီး ဖြစ် ပါတယ်။ အဲသည့် ဘုံရန်သူဟာ အာဏာသိမ်းစစ်ကောင်စီပဲဖြစ်ပါတယ်။ ဘုံရန်သူကို ထင်ထင်ရှားရှား မြင်တွေ့နေရ ချိန်မှာ၊ ကျွန်တော်တို့ဟာ အချင်းချင်း – အာရုံမများကြဖို့လည်း လိုပါတယ်။ လိုရင်းကို ရောက်အောင် လုပ်ကြမှ၊ လူထုအတွက် လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေဟာ အမြန် ပြီးပြတ်နိုင်မယ် လို့ ပြောချင်ပါတယ်။ ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ကျွန်တော်တို့ဟာ ဝေ့နေဝိုက်နေလို့ မရပါဘူး။ “ခတ်ကွင်းပြင်” ပြီး အချိန်ကုန်နေလို့လည်း မရဘူးလို့ ပြောချင်ပါတယ်။ ခုခံတော်လှန်စစ်မှာ – စစ် ရေးကြိုတင်ပြင်ဆင်မှုတွေဟာ အရေးကြီးတာ မှန်ပေမယ့် “သံပူတုန်း နာနာ မနှက်နိုင်ဘူး” ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးသမိုင်းမှာ ရတောင့်ရခဲ အခွင့်အလမ်းတွေကို ဆုံးရှုံးနိုင်တယ်ဆိုတာ သတိချပ်ကြဖို့ ဖြစ်ပါတယ်။”ဟု နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလ ကပြောဆိုသည်။

 

ဘုံရန်သူကို တိုက်ခိုက်နေစဉ် တော်လှန်ရေးတပ်ဖွဲ့အင်အားစုအချင်းချင်းကြား ပွတ်တိုက်မှုများ၊ ထိပ် တိုက်တိုက်တိုးမဖြစ်စေရေး သတိရှိကြရန်လိုအပ်ပြီး အချင်းချင်းဖြစ်ပေါ်သည့် ပြသနာများကို လက်နက်ဖြင့် မဖြေရှင်းကြရန် အထူးမေတ္တာရပ်ခံတိုက်တွန်းထားသည်။

 

“နိဂုံးချုပ်အနေနဲ့ ပြောကြားချင်တာကတော့ ကျွန်တော်တို့ မျိုးဆက်ဟာ ခေတ်က တွန်းတင်ပေး လိုက်တဲ့ တာဝန်တွေကို ထမ်းဆောင်နေကြသူတွေဖြစ်ပါတယ်။ ဒီတာဝန်တွေကို ကျွန်တော်တို့ မျိုးဆက်က အပြီးအပြတ် တာဝန်ယူပြီး၊ မျိုးဆက်သစ်တွေကို တာဝန်အသစ်တွေ ဆက်လက် ထမ်းဆောင်စေဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးဆက်ဟာ တော်လှန်ရေးတာဝန်တွေကို ထမ်း ဆောင်ပြီး၊ မျိုးဆက်သစ်တွေကတော့ တိုင်းပြည်ရဲ့ အနာဂတ်တည်ဆောက်ရေးတာဝန်တွေကို ထမ်းရွက်စေကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထမ်းဆောင်နေတဲ့ တော်လှန်ရေးတာဝန်တွေကို ကျွန်တော်တို့ မျိုးဆက်မှာပဲ အပြီးသပ် တာဝန်ထမ်းဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ဆက်လက် လက်ဆင့်ကမ်းကြဖို့ ဖြစ်ပါတယ်။ အဲသည့်အတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝ ရရှိရေးဆိုတဲ့ မူတွေ စံတန်ဖိုးတွေကို အခြေခိုင်ခိုင်တည်ဆောက်ပြီး အနာဂတ်အတွက် တည်ဆောက်ရေးပဋိညာဉ် တစ်ရပ် ပေါ်ပေါက်လာဖို့ အားလုံး ဝိုင်းဝန်း ကြိုးစားကြရမှာဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ် အပ်ပါတယ် ခင်ဗျာ” ဟု နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *