မြန်မာပြည်သူများအတွက် လူမှုလုံးခြုံရေး လုံးဝမရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသို့ တင်ပြ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၂
မြန်မာပြည်သူများအတွက် လူမှုလုံးခြုံရေး လုံးဝမရှိတော့ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသို့ တင်ပြပြောဆိုလိုက်သည်။
ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ ၁၄ ရက်န့အထိ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာန ချုပ်တွင်ပြုလုပ်လျက်ရှိသည့် (၆၃) ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် (Commission for Social Development – CSocD) အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲခြင်းဖြစ် သည်။
စစ်တပ်မှ အတင်းအကျပ်တပ်သား စုဆောင်းနေခြင်းကလည်း စီးပွားရေး ဆုတ်ယုတ်လာခြင်း၏ တစ် စိတ်တစ်ပိုင်းဖြစ်ပြီး လူငယ်လူရွယ်များအား လုံခြုံမှုကင်းမဲ့စေကာ ၎င်းတို့၏ အနာဂတ်များအား မရေ ရာ မှုများ ဖြစ်ပေါ်လျက်ရှိပြီး မျက်မှောက်အခြေအနေများအရ မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လူမှု လုံခြုံရေး လုံးဝ မရှိပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ကုလသို့ တင်ပြပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာစစ်တပ်က မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက် စက်ကြမ်းကြုတ်မှုများနှင့် လူမဆန်သော ရာဇဝတ်မှုများ ကျူးလွန်ခြင်းကို အရှိန်မြှင့်တင်လုပ်ဆောင် ခဲ့ပြီး စစ်တပ်အနေဖြင့် တိုက်ခိုက်ရာတွင်လည်း အရပ်သားပြည်သူများနှင့် ဆေးဘက်ဆိုင်ရာ အ ဆောက်အဦများနှင့် စာသင်ကျောင်းတို့အပါအဝင် အခြေခံ အရပ်သား အဆောက်အအုံများအား ပစ်မှတ်ထားခဲ့ကြောင်းကြောင်း ၎င်းက ပြောဆိုသည်။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုများကို နေရာ ပေါင်းစုံတွင် ရင်ဆိုင်နေရပြီး လူမှုစီးပွားကဏ္ဍသည်လည်း မကြုံဖူးသည့် အခြေအနေသို့ ကျဆင်း လျက် ရှိကြောင်း၊ ယနေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်သူ သန်း (၂၀) ခန့် ရှိပြီး ၃.၅ သန်းကျော်မှာ နေရပ်စွန့်ခွာနေရကြောင်း အသိပေးထားသည်။
အဆိုပါ အချက်များကို ကြည့်ခြင်းအားဖြင့် လူမှုဖွံ့ဖြိုးတိုးတက်မှုရှိရေးအတွက် ငြိမ်းချမ်းရေးက ပဓာန ကျသည်မှာ မြင်သာကြောင်း၊ နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏တာဝန်များအား ပြည့်မီအောင် ဖော် ဆောင်ရန် ကျန်ရစ်ခဲ့ပါက စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရေး အတွက် ကြီးမားသည့် အကျိုးဆက် ထွက်ပေါ်စေမည်သာဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက တင်ပြပြောကြားသည်။
ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာအရေးကိစ္စအား ပိုမို အလေးထား အာရုံစိုက် ဖြေရှင်းသင့်ကြောင်း၊ မြန်မာအရေးကိစ္စတွင် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်ကသာ အဓိကဇစ်မြစ် ပြဿနာဖြစ်ပြီး စဉ်ဆက်မပြတ် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များရရှိရေးအတွက် အတားအဆီး ဖြစ်သည်မှာ ရှင်းလင်းမြင်သာကြောင်း ထောက်ပြထားသည်။
သို့ဖြစ်ပါ၍ ပြဿနာ၏ ဇစ်မြစ်ကို ဖြေရှင်းခြင်းက အလွန်အရေးကြီးကြောင်း၊ မြန်မာပြည်သူများ အ နေ ဖြင့် စစ်တပ်နှင့် စစ်အာဏာရှင် စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေသည့် ယင်း ပြဿနာဇစ်မြစ် အား အမြစ်ပြတ်အောင်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ခိုင်မာစွာရှိကြောင်း အသိပေးထားသည်။
နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စစ်တပ်ထံသို့ လက်နက် များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးခြင်းအားဖြင့် စစ်အာဏာရှင် စနစ် ချုပ် ငြိမ်းစေရေးအတွက် မိမိတို့ လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုး ကူညီပေးကြပါ ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် အနာဂတ် မြန်မာနိုင်ငံတော်သစ် တည်ထောင်မှုအတွက် အားဖြည့်ကူညီပေးကြပါရန် ဆက်လက်တောင်းဆိုထားသည်။
Thanlwin Myanmar Media