မြိုင်နှင့် ပေါက်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး ထက်မနည်းသေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ်အလုံး ၅၀ ကျော်ကို မီးရှို့ ဖျက်ဆီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၁
မကွေးတိုင်း၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထက်မနည်းသေဆုံးပြီး စစ်တပ်က ပြည်သူ ၁ ဦးကို သတ်ဖြတ်ကာ ပြည်သူ့ နေအိမ် အလုံး ၅၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။
ဖေဖော်ဝါရီလ ၉ ရက် နံနက်ပိုင်းက ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှ ထွက်လာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပေါက်မြို့နယ်၊ ကျောက်လုံးကျေးရွာအနီးတွင် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့်ကြာမြင့် ခဲ့ပြီး စစ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ယင်းနေ့ည ၁၀ နာရီခန့်တွင် ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တနေရာ ထပ်မံ၍ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ များဘက်မှ TYK (သရက်ကန်) ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ကိုမြင့်သူ (ခ) ကိုကုလား ကျဆုံးခဲ့ ပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးကို အညာမြေတပ်ပေါင်းစုနှင့်အတူ TYK (သရက်ကန်)ပျောက်ကြားတပ်ဖွဲ့၊ ဝံပုလွေ ပျောက်ကြားတပ်ဖွဲ့၊ မြိုင် ပကဖ၊ မြိုင် ပကဖ (တပ်ရင်း ၁) ၊ ပခုက္ကူခရိုင်တပ်ရင်း ၁၊ တပ်ရင်း ၂၊ တပ် ရင်း ၇ ၊ စင်္ကြာတပ်ဖွဲ့ ၊ Union brother ၊ God of Myaing ၊ နံ့သာမြေ စသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့များမှ ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်း ဖေဖော်ဝါရီလ ၃ ရက်နေ့က ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ ထွက်ခွာလာခြင်းဖြစ်ပြီး အညာမြေ တပ်ပေါင်းစု စခန်း ၁ ခုအား မီးရှို့ ဖျက်ဆီးခြင်း၊ စစ်ကြောင်း ထိုးရာ လမ်တလျှောက်ရှီ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများကို လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူများကို ပစ်ခတ်ခြင်း တို့လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မြိုင်မြို့နယ်အတွင်းနေ အမျိုးသမီးတစ်ဦး လက်ကျည်ထိမှန်ဒဏ် ရာ ရရှိကာ ကျိုးသွားခဲ့ပြီး စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် မကျည်စင်ကျေးရွာမှ ကိုစိုးဝင်းကို လည်းလ သတ်ဖြတ်ခဲ့ကြောင်း၊ စစ်သားများ၏ မီးရှို့မှုကြောင့် မကျည်းစင်၊ သနပ်ပင်ဇင်းကျေးရွာတို့မှ နေအိမ် အလုံး ၅၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မြိုင်မြို့နယ်၊ စက် မှု ၂ အတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
Thanlwin Myanmar Media