ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး၊ လောင်စာဆီဖြတ်တောက်မှုကြောင့် ဘုရားသုံးဆူမြို့နယ်နေ ပြည်သူများ လူမှုစီးပွားထိခိုက်ခံစားနေရပြီး ကျားဖြန့်လုပ်ငန်းများအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့နောက်ဆုံး ထား ထွက်ခွာရန် DKBA အမိန့်ထုတ်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၁
ထိုင်းနိုင်ငံ၏ လျှပ်စစ်မီး၊ လောင်စာဆီဖြတ်တောက်မှုကြောင့် ဘုရားသုံးဆူမြို့နေပြည်သူများ လူမှုစီး ပွားထိခိုက်ခံစားနေရပြီး ကျာဖြန့်လုပ်ငန်းလုပ်များအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နောက်ဆုံး ထားထွက်ခွာရန် ဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော် (DKBA) က အမိန့်ထုတ်ပြန်ထားသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ ထိုင်း-မြန်မာနယ်စပ်တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု နှင့် အွန်လိုင်း လောင်းကစား လုပ်ငန်းများကို တိုက်ဖျက်ရန်အတွက် ထိုင်းနိုင်ငံ အစိုးရက ဘုရားသုံး ဆူ မြို့ အပါအဝင် နယ်စပ်မြို့များကို လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့ခြင်းတို့လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ ထိုင်းနိုင်ငံအစိုးရက လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့ခြင်းတို့ကို ဖြတ်တောက် ခဲ့မှု ကြောင့် ဘုရားသုံးဆူမြို့နေ ပြည်သူများအနေဖြင့် လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ဆက်နွယ်သော လူ မှု စီးပွါး ထိခိုက်နစ်နာမှုများကို ခံစားနေကြရကြောင်း သိရသည်။
ဘုရားသုံးဆူမြို့တွင် တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစား လုပ်ငန်း များ လုပ်ဆောင်ခြင်း မရှိကြောင်း ထိုင်းနိုင်ငံ အစိုးရ၏ယုံကြည်မှု ရရှိမှသာ ဘုရား သုံးဆူမြို့သို့ ထိုင်း နိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့မှုများကို ယခင်အတိုင်း ပြန်လည် လုပ်ဆောင်ပေးနိုင် မည်ဖြစ်ပြီး ဘုရားသုံးဆူမြို့နေ ပြည်သူများ၏ လူမှုစီးပွါး ထိခိုက်နစ်နာမှုများကို လျော့ပါးသက်သာ စေနိုင်မည် ဖြစ်ကြောင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။
“ကျားဖြန့်အလုပ်လုပ်တဲ့သူတွေစုထားတာ အခု ၅၀ ကျော်ရှိပြီ။ ပြန်ချင်တဲ့ သူတွေ လိုက်စုနေတာ၊ စာလည်းထုတ်ထားတယ်၊ ဒီလိုချုပ်နှောင်တဲ့လုပ်ငန်းမထားချင်ဘူး။ လုပ်လဲမလုပ်ချင်ဘူး။ ကျားဖြန့်နဲ့ ပတ်သက်တဲ့ မကောင်းတဲ့လုပ်ငန်းတွေ အကုန်ရှင်းထုတ်ပြီးတော့ မီးအမြန်ဆုံးပြန်ရဖို့အရေးတော့ တော့ ထိုင်းကို ကူညီအားကိုးပြီး တင်ပြရမှာပေါ့။ ရှင်းထုတ်ပြီးရင် သူတို့လာကြည့်လို့ရတယ်။ လာ လေ့လာလို့ ရတယ်လို့ ဖိတ်ခေါ်ရမှာပေါ့” ဟု ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) အမှတ် ၁ စစ်ဒေသကွက်ကဲရေးမှူးက ပြောကြားသည်။
သို့ဖြစ်ပါ၍ ဘုရားသုံးဆူမြို့အတွင်း တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများ နှင့် အွန် လိုင်း လောင်းကစား လုပ်ငန်းများ လာရောက် အခြေချ လုပ်ဆောင်နိုင်ခြင်း မရှိစေရန်နှင့် ထိုင်းနိုင်ငံ ဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း အမြန်ဆုံး ပြန်လည်ရရှိစေရေးအတွက် အစွမ်း ကုန်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဘုရားသုံးဆူမြို့အတွင်း၌ တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန် ရောင်းချ ခြင်း လုပ်ငန်းများ၊ ကာစီနိုလောင်းကစားလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသော တရုတ်လူမျိုးများ အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်မီ ဘုရားသုံးဆူ မြို့မှအမြန်ဆုံးထွက်ခွါပေးကြရန်နှင့် လိုက်နာမှု မရှိပါက ထိရောက်စွာအရေးယူ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အမိန့်ထုတ်ပြန်ထား သည်။
ထို့ပြင် ဘုရားသုံးဆူမြို့အတွင်းသို့ တရုတ်လူမျိုးများ တရားမဝင် ထပ်မံဝင်ရောက်မှု မရှိစေရန်လည်း ထိရောက်စွာ ပိတ်ပင် တားမြစ်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media