Sagaing News

0 0
Read Time:2 Minute, 40 Second

ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှ ထွက်ပြေးလာသည့် ဒုက္ခိတသက်ကြီးရွယ်အို ပြည်သူများကို ကယ်တင် (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၀

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာမှ ထွက်ပြေးလာသည့် ဒက္ခိတ သက်ကြီးရွာအိုများ ပြည်သူများကို ကယ်တင်ခဲ့ကြောင်း ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖော်ဝါရီလ ၈ ရက်နေ့နှင့် ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တို့တွင် ရွှေဘိုမြို့နယ်၊ တည်သီး တောပျူရွာအတွင်း၌ နေထိုင်ကြသော ပြည်သူများကို အငတ်ဘေးဆိုက်ကပ်နေပြီး အနေအထိုင်ဆင်း ရဲ ကြပ်တည်းလာသဖြင့် ဒုက္ခိတ သက်ကြီးရွယ်အိုများနှင့် ပြည်သူများဖြစ်ကြသော အသက် ၆၇ နှစ် အရွယ် ဦးကြွေဇွန်း ။ အသက် ၇၂ နှစ်အရွယ် ဒေါ်ဝိုင်း၊ အသက် ၆၇ နှစ်အရွယ် ဦးဝင်း၊ အသက် ၄၂ နှစ်အရွယ် ကိုငနိုင် ၊ အသက် ၃၈ နှစ်အရွယ် ကိုလှမင်း ၊ အသက် ၈၂ နှစ်အရွယ် ဒေါ်နွယ်နှင့် အ သက် ၉၀ အရွယ် ဒေါ်တင်အိတို့သည် ထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပျူရွာအတွင်းမှ ထွက်ပြေးသည့် သက်ကြီးရွယ်အိုများ၊ ပြည်သူများကို ဗိုလ်ကျားရိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့မှ သွားရောက် ကူညီကယ် ထုတ်၍ ကောင်းမွန်စွာ စေင့်ရှောက်ထားကြောင်း သိရသည်။

 

ရွှေဘိုမြို့နယ်၊ တည်သီးတောပျူရွာအတွင်းရှိ လက်နက်ကိုင်ပျူနှင့် ပြည်သူများမှာ ထမင်းမစားရပဲ ပဲ ပြုတ်၍ စားနေရသည်မှာ ရက် ၂၀ ခန့် ရှိပြီဖြစ်ပြီး အငတ်ဘေးကြုံ၍ ဒုက္ခရောက်နေသဖြင့် ထွက်လာ ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ် မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။

 

ထပ်မံ၍ တည်သီးတောပျူကျေးရွာအတွင်းနေ ပြည်သူများအနေဖြင့် အလင်းဝင်ရောက်လိုပါက ချိတ် ဆက် ဆောင်ရွက်၍ ကယ်ထုတ်ပေး မည်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသော ပျူများလည်း အ လင်းဝင်လိုပါက ချိတ်ဆက်ဆောင်ရွက်၍ ကယ်ထုတ်ပေးမည်ဖြစ်သည့်အပြင် လက်နက်ယူ ဆောင် လာပါက ထိုက်သင့်သော ဆုငွေများလည်း ချီးမြှင့်သွားမည် ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ထား သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *