Sagaing News

0 0
Read Time:2 Minute, 22 Second

မုံရွာ-ချောင်းဦးလမ်းပေါ်တွင် မိုင်းကွင်းပေါ် သောက်စားနေသည့် စကစတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၀

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတနေရာတွင် မိုင်းကွင်းပေါ်၌ သောက်စားနေ သော စစ်သား၊ ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးပွဲချင်းပြီး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က မုံရွာမြို့နယ်၊ တောပုရွာပျူစောထီးစခန်း မှ စစ်သား၊ ပျူစောထီးများ အင်အား ၃၀ ခန့်သည် မုံရွာ -ချောင်းဦးလမ်းပိုင်း လုံခြုံရေးယူရန်အတွက် ထွက်လာပြီးနောက် ၎င်းတို့စုရပ်နေရာ၌ သောက်စားနေစဉ် အထူးပြုလုပ်ထားသော ပဒေသာမိုင်း ၃ လုံး ပွိုင့် ၁ ပွိုင့်၊ ၂ လုံးပွိုင့် ၁ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦး ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“အင်အားက ၃၀ လောက်ရှိပါတယ်။ မိုင်းကို ဖင်ခုထိုင်နေကြတာ၊ ကွက်တိပဲဆွဲနိုင်ခဲ့တယ်။ ပွဲချင်းပြီး ၄ ဦးသေတယ်။ သေတဲ့ ၄ ဦးကိုတော့ တောပုရွာထဲကို ကားနဲ့သယ်သွားတာ။ ကျန်တဲ့ သူတွေကို တော့ လူနာတင်ကား ၃ စီးနဲ့ မုံရွာစစ်ဆေးရုံထဲကို သယ်သွားပါတယ်။ ဒဏ်ရာရတဲ့သူတွေထဲမှာ သေ တာရှိအုံးမယ်။ စုံစမ်းမရသေးလို့ပါ” ဟု People’s Defence Force – South Monywa မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မုံရွာ-မန္တလေးလမ်းပိုင်းအားအသုံးပြုနေကြသော မိဘပြည် သူများ အနေဖြင့် စစ်ကောင်စီကားတန်းများနှင့်တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်နှင့် တိုက်ပွဲ ဖြစ်ပွားနေများသည်နှင့် ကြုံတွေ့ပါက ရောက်သည့်နေရာမှရပ်တန့်ပေးပါရန် မေတ္တာရပ်ခံ ထား သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *