ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု ဘုန်းကြီးကျောင်း၊ ဘုရားစေတီနှင့် လူနေအိမ် ၁၇ လုံးပျက်စီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းကျေးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ ဘုရားစေတီနှင့် လူနေအိမ် ၁၇ လုံးပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဘီး လင်းမြို့နယ်၊ မင်းစောကျေးရွာအုပ်စု ၊ တဂေးလောင်း ကျေးရွာ (ထီးဆိဘောကျေးရွာ) ဘုန်းကြီး ကျောင်းဝန်းအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး တစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် တဂေးလောင်းရွာ (ထီးဆိဘောကျေးရွာ) ဘုရားစေတီနှင့် သာသ နာ အဆောက်အအုံများ ထိခိုက်ပျက်စီးပြီး တဂေးလောင်းရွာ လူနေအိမ်၊ အဆောက်အအုံများ၏ အိမ် ခေါင်မိုး၊ ဘုရားကျောင်းဆောင်နှင့် အိမ်အကာများ ပျက်စီးမှု စုစုပေါင်းနေအိမ် (၁၇) လုံး ထိခိုက် ပျက် စီးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- အကြမ်းဖက် စစ်ကောင်မှ ဒူးသထူခရိုင်၊တဂေးလောင်းကျေးရွာ(ထီးဆိဘောကျေးရွာ)သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။
Thanlwin Myanmar Media