Karen State News

0 0
Read Time:1 Minute, 49 Second

သံတောင်- တောင်ငူလမ်းပိုင်း ၊ တောပြာကြီးလမ်းခွတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ကားတစ်စီးတိမ်းမှောက်ပျက်စီး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၉

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံတောင် -တောင်ငူလမ်းပိုင်း ၊ တောပြာကြီးလမ်းခွတွင် စစ် ယာဉ်တန်းကို မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးပြီး ကားတစ်စီးတိမ်းမှောက်ပျက် စီးခဲ့ကြောင်း KNLA တပ်မဟာ ၂ တပ်ရင်း၅ Thawthikho ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်က သံတောင်ကြီးမြို့နယ်၊ ဘုရင့်နောင် အခြေစိုက်တပ်စခန်းမှ တောင်ငူဘက်သို့ ဆင်းလာသော အာဏာသိမ်းစစ်ကောင်စီ၏ ယာဥ် ၁၀ စီးပါ ယာဉ်တန်းကို တောပြာကြီးလမ်းခွရောက်ရှိချိန် မိုင်းဆွဲ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်ကားတစ်စီး တိမ်းမှောက်သွားကာ ယာဉ်ပေါ်ပါ စစ်သား ၆ ဦးသေ ဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“ပစ္စည်းတွေ မသိန်းနိုင်ခဲ့ပါဘူး။ ကျန်တဲ့ကားတွေက လာခေါ်သွားတာပါ။ အပြန်အလှန်ပစ်ခတ်မှု လည်း ဖြစ်ခဲ့ပါတယ်” ဟု KNLA တပ်မဟာ ၂ တပ်ရင်း၅ Thawthikho မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၂ ၊ တပ်ရင်း ၅ ၊ တပ်ခွဲ ၃ ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *