ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်လှေဆိပ်၌ ရိက္ခာသယ်ယူနေသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ ၊လက်နက်ငယ်များဖြင့် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ကား ၁ စီးပျက်စီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၉
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ လှေဆိပ်၌ ရိက္ခာများ သယ်ယူနေသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်း ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် မွန်းလွဲ ၁ နာရီခန့်က စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်မှ အင်အား ၄၀ ခန့်ရှိ စစ်သားများသည် ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ရွာရှိ လှေဆိပ်မှ ရိက္ခာ လာရောက် သယ် ယူနေစဉ် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကြဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ရာ ညနေ ၃ နာရီအထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၄ ဦး ထက်မနည်း အပြင်းအထန် ဒဏ် ရာ ရရှိပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ ၃ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ အပြင် စစ် ကောင်စီ၏ ကား ၁ စီးလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို တောင်ညိုစစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media