ရန်ကုန်၊ လှော်ကားရှိ ရဲအကြပ်အတတ် သင်ကျောင်းကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၈
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်ရှိ ရဲအကြပ်အတတ်သင်ကျောင်း (လှော်ကား)ကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ် တိုက်ခိုက်ရာ ရဲများထိခိုက်မှုရှိကြောင်း Rangoon Urban Column (RUC) စစ်ကြောင်းထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၉ နာရီ ၂ မိနစ်ခန့်အချိန် ထောက်ကြန့်၊ ရဲအကြပ်အတတ် သင်ကျောင်း(လှော်ကား)ရှိ ဝန်ထမ်း တန်းလျားကို ၇၉ မမ ဗုံးပစ်လောင်ချာဖြင့် RUC စစ်ကြောင်းမှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း သင်တန်းကျောင်းဝင်းအတွင်းရှိ ရဲဝန်ထမ်းများ နေထိုင်လျက်ရှိသော တန်း လျားသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲများ ထိခိုက်မှုရှိကြောင်း သိရသည်။
RUC စစ်ကြောင်း၏ ရဲဘော်များ အနေဖြင့် မြို့ပြအတွင်း ခက်ခဲစွာ ရှင်သန်၍ ထိရောက်စွာ ဆက် လက် တိုက်ခိုက်နိုင်ရန်နှင့် ဝပ်ကျင်း၊ ရိက္ခာ၊ စစ်အသုံးစရိတ် စသည့် လိုအပ်ချက်များကို ဖြည့်တင်း နိုင်ရန်အတွက် တော်လှန် ပြည်သူများအနေဖြင့်လည်း ပါဝင် အားဖြည့်ပေးကြရန် မေတ္တာရပ်ခံ ထားသည်။
Thanlwin Myanmar Media