Sagaing News

0 0
Read Time:2 Minute, 16 Second

ခင်ဦးမြို့နယ်တွင် စစ်တပ်ထုတ်ကုန် ကျပ်သိန်း ၁၀၀ တန်ဖိုးရှိ မြန်မာဘီယာများကို ဖမ်းဆီးပြီး ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၈

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ငွေကျပ် သိန်း ၁၀၀ တန်းဖိုးရှိ အကြမ်းဖက် စစ်တပ်ထုတ် မြန်မာ ဘီယာများကို ဖမ်းဆီးပြီး ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့က ထုတ်ပြန် သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ခင်ဦးမြို့နယ်၊ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ – ပအဖ၏ လမ်းညွှန်မှုဖြင့် မြို့နယ် ပကဖ ရဲဘော်များက အကြမ်းဖက် စစ်တပ် ထုတ်ကုန် မြန်မာဘီယာ များ သယ်ဆောင်လာသည့် ကားကို ထိန်းသိမ်း စစ်ဆေးခဲ့ရာ စုစုပေါင်း ငွေကျပ် သိန်း ၁၀၀ နီးပါးရှိ Myanmar Beer ဂျပ်ဖာပေါင်း ၇၁ ဖာ၊ ပုလင်းပေါင်း ၈၅၂ ပုလင်း နှင့် ဗူးဂျပ်ဖာပေါင်း ၂၄ ဖာ၊ ဗူး ပေါင်း ၅၇၆ ဗူး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းဆည်းရမိသော အကြမ်းဖက် စစ်တပ် ထုတ်ကုန် Myanmar Beer များ အားလုံးကို ခင်ဦး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ခင်ဦး မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အများပြည်သူများ၏ ရှေ့မှောက်၌ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီ နှင့် ၎င်းမိသားစုများ၊ ၄င်းတို့နှင့် အကျိုးတူ စီးပွားဘက်ဖြစ်သော စစ်တပ် ဒေါက်တိုင်များ၏ ထုတ်ကုန်ပစ္စည်းများမှ အမြတ်အစွန်း၊ ငွေကြေးများသည် ပြည်သူလူထုနှင့် တော် လှန်ရေး အင်အားစုများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ဆိုးရွားစွာ ဖျက်ဆီးစေနိုင်သည့် လုပ်ရပ် များ ဖြစ်စေနိုင်သည့်အတွက် စစ်တပ် ထုတ်ကုန် ပစ္စည်းများကို ပြည်သူအပေါင်းမှ သပိတ်မှောက် ကြရန် ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှိုးဆော်တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *