PNLA News

0 0
Read Time:4 Minute, 56 Second

ဆီဆိုင်မြို့နယ်တွင် တောင်ယာမှ စပါးများကို ထော်လာဂျီဖြင့် သယ်၍ ပြန်လာသည့် လင်မယားနှစ်ဦး ကို PNO ပြည်သူ့စစ်များက ဒရုန်းဖြင့် ဗုံးကြဲသတ်ဖြတ်၊ PNO ပြည်သူ့ စစ်များအနေဖြင့် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ပြန်လည်တိုက်ခိုက်သတ်ဖြတ်ဖျက်ဆီးနေသည့်အဖြစ်အား သေချာစဉ်း စား သုံးသပ် ကြရန် PNLA တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၈

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ချယ် – တပူးထို ရွာ လမ်းခွဲအနီးတွင် တောင်ယာမှ စပါးသယ်၍ ပြန်လာသည့် လင်မယားနှစ်ဦးကို PNO ပြည်သူ့စစ် များက ဒရုန်းဖြင့် ဗုံးကြဲသတ်ဖြတ်ခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

 

ဖေဖော်ဝါရီလ ၆ ရက် မွန်းလွဲ ၂ နာရီခန့်က ဆီဆိုင်မြို့နယ် ၊ ကောင်ထိုကျေးရွာနေ ခွန်ဖါလိန်နှင့် နန်းဆွေတို့ လင်မယား ၂ ဦးသည် တောင်ယာမှ စပါးများကို ထော်လာဂျီဖြင့် သယ်၍ ပြန်လာစဥ် လွယ်ချယ် – တပူးထိုရွာ လမ်းခွဲအနီး အရောက် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဒရုန်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

“ဖေဖော်ဝါရီလ ၆ ရက်နေ့ နေ့လည် ၂ နာရီကျော်အချိန်မှာ တောင်ယာကနေပြန်လာတဲ့ ဒေသခံ ၂ ဦး ပေါ့၊ ကောင်ထိုကျေးရွာနေလင်မယား ၂ ဦး စပါးသယ်လာတာ။ သူတို့ စိုက်ပျိုးရိတ်သိမ်း ထားတဲ့ စပါး တွေသယ်လာတာ။ အဲဒီနေရာမှာရောက်တော့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲလို့ လင်မ ယား ၂ ဦး စလုံး အဲဒီနေရာမှာပဲ သေဆုံးသွားတယ်။ မနေ့ကတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူး။ တိုက်ပွဲ ဖြစ်ပွား တာမရှိပဲနဲ့ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကျဲတယ်၊ ပြီးတော့ ဟောင်ဝှစ်ဇာအမြောက် လက်နက်ကြီးနဲ့ လည်း ၄ ကြိမ်ပစ်တယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်တာတော့ ပြည်သူထိခိုက်တာမရှိဘူး။ သို့ပေမယ့် ဒရုန်းနဲ့ ဗုံးကြဲတာမှာ သူတို့ ၂ ဦးက သေဆုံးသွားပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းယံက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များသည် ပအိုဝ်းပြည်သူ ကို ရန်သူသဖွယ်သတ်မှတ်ကာ တိုက်ခိုက်သတ်ဖြတ်နေခြင်းဖြစ်ပြီး ပအိုဝ်းဒေသနှင့် ပအိုဝ်းပြည်သူ များကို လက်နက်ကြီးများ ၊ ဒရုန်းများ ၊ လေယာဥ်များဖြင့် ပစ်ခတ် ဖျက်ဆီးသတ်ဖြတ်နေခြင်း ဖြစ်ကြောင်း၊ PNO တပ်ဖွဲ့အတွင်းရှိ ပအိုဝ်းလူမျိုးများအနေဖြင့် ကိုယ့်လူမျိုးမဟုတ်သည့် အစုအဖွဲ့ တစ်ခု၏ခေါင်းဆောင် ခရိုနီနေဝင်းထွန်းအတွက် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသကို ပြန်လည်သတ်ဖြတ် နေရမှုကို သေချာပြန်လည်စဉ်းစားသုံးသပ်ကြရန် အသိပေးထားသည်။

 

“ဒါက သူတို့ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်တယ်၊ ပြီးတော့ ပအိုဝ်းလူမျိုး၊ ပအိုဝ်းဒေသ၊ ပအိုဝ်းကျေးရွာတွေကို တမင်သက်သက်တိုက်ခိုက်ဖျက်ဆီး နေတာဖြစ်ပါတယ်။ PNO ပြည်သူ့စစ်တွေက အများဆုံးက ပအိုဝ်းပဲဆိုပေမယ့် သူတို့ရဲ့ ခေါင်းဆောင် ၊ လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွား ၊ ပအိုဝ်းလူမျိုးမဟုတ်တဲ့ သူတို့ရဲ့ခေါင်းဆောင် ခရိုနီ နေဝင်း ထွန်း ရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်းနဲ့ ကိုယ့်လူမျိုးနဲ့ ပြန်သတ်ဖြတ်နေရတဲ့ အဆင့်ရောက်လာနေ တာဖြစ်ပါတယ်။ ဒါကြောင့် PNO ပြည်သူ့စစ်မှာ ရှိနေတဲ့ ပအိုဝ်းတွေအနေနဲ့ သေသေချာချာစဉ်းစား ကြပါ၊ သုံးသပ်ကြပါ။ ကိုယ့်လူမျိုးကို ဒီလိုမျိုးသတ်ဖြတ်နေရတာ တန်သလားပေါ့၊ ပအိုဝ်းလူမျိုး မဟုတ်တဲ့ အစုအဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် ခရိုနီနေဝင်းထွန်းအတွက် ကိုယ့်ပအိုဝ်းလူမျိုးကို ကိုယ်ပြန် သတ်ဖြတ်နေရတာ၊ ကိုယ့်ပအိုဝ်းကျေးရွာကို ကိုယ်ပြန်ဖျက်ဆီးနေရတာ၊ ကိုယ့်ပအိုဝ်းဒေသကို ကိုယ် ပြန်တိုက်ခိုက်နေရတာ လိပ်ပြာလုံလုံနဲ့ လိပ်ပြာသန့်သန့်နဲ့ လုပ်နိုင်ကြသလား။သေချာစဉ်းကြပါ၊ အမှန်တရားကို မြင်ကြပါလို့ ပြောချင်တယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းယံ က ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *