Magway News

0 0
Read Time:1 Minute, 31 Second

စလင်းမြို့နယ်တွင် စစ်တပ်သင်္ဘော ၁ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၈

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘော ၁ စီးကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် မင်းဘူးမြို့နယ်ဘက်မှ စလင်း မြို့နယ်၊ တညောင်တိုက်နယ်အတွင်းသို့ မြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော ၁ စီး ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် (ပကဖ) နှင့်ပူး‌ပေါင်းတပ်ဖွဲ့များဖြစ်သော ဒေါင်းစစ်အောင် LPDF ၊ မင်းဘူးခရိုင် လက်ရုံးအဖွဲ့၊ ဧရာဘီလူး LPDF နှင့် Triger Frighter LPDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *