Magway News

0 0
Read Time:1 Minute, 36 Second

မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို အင်အားလာဖြည့်သည့်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၈

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းကို အင်အားလာဖြည့်သည့် စစ်တပ်စစ် ကြောင်းအားတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက် သိမ်းဆည်းရရှီခဲ့ကြောင်း Salingyi Special Task Force -SSTF ထံမှ သိရသည်။

 

ဇန်နဝါရီလ ၈ ရက်နံနက် နံနက် ၁၀ နာရီ ၁၅ မိနစ်က စစ်ကောင်စီတပ်သား အင်အား ၁၀၀ ခန့်ဖြင့် မြိုင်မြို့နယ် ၊ လင်းကတောနယ်မြေရဲစခန်းကို လက်နက်ခဲယမ်းများပို့ဆောင်ရန်နှင့်အင်အားဖြည့် တင်းရန် လာရောက်သည့် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၂၀ ခန့်ဖြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး G3 အမျိုးအစား သေ နတ် ၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်တပ်ရင်း ၁၄ ၊ တပ်ရင်း ၁၅ (SSTF) နှင့် ပူးပေါင်း မဟာမိတ် တပ်ဖွဲ့ မြိုင် ပကဖ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *