Jail News

0 0
Read Time:5 Minute, 29 Second

အကျဉ်းထောင်များတွင် အကျဉ်းဦးစီးဝန်ထမ်းများက နိုင်ငံ‌ရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံနေ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၈

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များရှိ အကျဉ်းဦးစီး ဌာန ဝန်ထမ်းများက နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်တောင်းခံမှုများလုပ်ဆောင်နေ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံက သိရသည်။

 

၂၀၂၅ခုနှစ် ဇန်နဝါရီလ အစောပိုင်းမှ စ၍ အကျဉ်းဦးစီးဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများ ၏ မိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းပြချက်အမျိုးမျိုးပြောဆိုကာ ငွေကြေးလိမ် လည်တောင်းဆိုမှုများလုပ်ဆောင်နေကြောင်း၊ PPNM၏ အတည်ပြုထားနိုင်မှုအရ မန္တလေးအိုးဘို အကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊ မြိတ်အကျဥ်းထောင်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီးဝန်ထမ်းမှ မိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ ငွေကြေးလိမ်လည် တောင်းခံနေ ခြင်းဖြစ်သည်ကို စီစစ်တွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။

 

“ဒိုက်ဦးထောင်ဝန်ထမ်းများ၏ ငွေကြေးလိမ်လည်နေမှု”

 

ဒိုက်ဦးထောင် အိပ်ဆောင် (၄) ၏ အဆောင်မှူးဖြစ်သူ မျိုးသီဟအောင်မှ နိုင်ငံရေးအကျဉ်းသားများ ၏ မိသားစုဝင်များကို ၎င်းတို့၏ မိသားစုဝင် ဆေးရုံတက်နေရ၍ ငွေကြေး အရေးပေါ်လိုအပ်လျက်ရှိ ကြောင်း ပြောဆိုကာ မကြာခဏ ဆက်သွယ်၍ ငွေကြေးတောင်းခံလျက်ရှိကြောင်း၊ မိသားစုဝင်များ ဆေးရုံတက်ရောက်နေရသည့် ကိစ္စများကို ဧည့်တွေ့ခွင့်ရချိန်၌ မမေးရန်နှင့် ဧည့်တွေ့ချိန်တွင် မေးပါ က နောက်အမှုထပ်ကပ်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ငွေကြေးလိမ်လည်နေမှုများကို အခြားသူများမသိရှိစေရန် လုပ်ဆောင်လျက်ရှိပြီး အဆောင်မှူး မျိုးသီ ဟအောင် အပါအဝင် ဒိုက်ဦးထောင်ရှိ ဝန်ထမ်းများက မိသားစုဝင်များထံမှ ငွေကြေးအနည်းဆုံး တစ် သိန်းမှစ၍ သိန်းတစ်ရာဝန်းကျင်အထိ လိမ်လည်တောင်းခံသည့် အခြားကိစ္စရပ်များလည်း ရှိသည် ကို ကြောင်း သက်သေများရရှိစုဆောင်းထားကြောင်း  PPNM က အသိပေးထားသည်။

“အိုးဘိုထောင်ဝန်ထမ်းများ၏ ငွေကြေးလိမ်လည်မှု”

 

ပြီးခဲ့သည့် ဇန်နဝါရီလက အိုးဘိုထောင်အတွင်းဖြစ်ပွားခဲ့သည့် ဝမ်းပျက် ဝမ်း‌လျောဖြစ်ပွားခဲ့မှုအပေါ် အခွင့်ကောင်းယူကာ နိုင်ငံရေးအကျဉ်းသူများ၏ မိသားစုဝင်များကို အကျဉ်းဦးစီးဝန်ထမ်း ဆုပိုပိုလင်း မှ ဆက်သွယ်၍ ဓာတ်ဆားထုတ်ဝယ်ယူရန်ဟုဆိုကာ မြန်မာကျပ်ငွေ ငါးသောင်းကျပ်မှစ၍ တစ်သိန်း ကျပ် အထိ လိမ်လည်တောင်းခံမှုများရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ယနေ့အချိန်ထိလည်း အခြားကျန်းမာရေးနှင့် ထောင်မပြောင်းရရေးအကြောင်းပြချက်ပေး ကာ ငွေကြေးလိမ်လည်တောင်းခံမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

 

“မြိတ်အကျဉ်းထောင်ဝန်ထမ်းများ၏ ငွေကြေးလိမ်လည်မှု”

 

မြိတ်အကျဉ်းထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားတစ်ဦးသည် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိ သားစုများထံ ပိုက်ဆံတောင်းခိုင်းသည်ဟု ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းဆိုနေကြောင်း သိ ရသည်။

 

“ညောင်ဦးအကျဉ်းထောင်ရှိ ထောင်ဝန်ထမ်းများ၏ ငွေကြေးလိမ်လည်တောင်းခံမှု”

 

ညောင်ဦးအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ ပစ္စည်းမှာခိုင်းသည်ဟု ဆိုကာ မိသားစုဝင်များထံ ဖုန်းဆက်၍ ငွေကျပ် ၁ သိန်းမှ ၃ သိန်းအထိ ငွေလိမ်လည်တောင်းခံခဲ့ကြောင်း သိရသည်။

 

ထိုသို့ ငွေကြေးလိမ်လည် တောင်းခံလျက်ရှိသူမှာ ကျော်လေး ဆိုသူ ဝန်ထမ်းဖြစ်ပြီး ဆရာသော် အမည်ဖြင့် အကျဉ်းဦးစီးဝန်ထမ်း တစ်ဦးကလည်း ငွေကြေးလိမ်လည်လျက်ရှိကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအနေဖြင့် အထူးသတိထားရန်နှင့် သေချာစီစစ် မေး မြန်းပြီးမှသာ ငွေလွှဲရန်နှင့် ငွေကြေးလိမ်လည်တောင်းခံလျက်ရှိသည့် အကျဉ်းဦးစီးဝန်ထမ်းများ အ နေဖြင့်လည်း လိမ်လည်တောင်းခံနေသည့် လုပ်ရပ်များအား ရပ်တန့်လိုက်ရန် အသိပေးတိုက်တွန်း ထားသည်။

 

ယခုကဲ့သို့ လိမ်လည်‌ တောင်းခံနေမှုများသည် ပိုမိုဆိုးရွားလာပါက လူမှုရေးပြစ်ဒဏ်များပါ ပေးနိုင် ရေး အတွက် ကျုးလွန်သူ၏ ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *