Tanintharyi News

0 0
Read Time:4 Minute, 30 Second

သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာသို့ အင်အားဖြည့်တင်းရန်လာရောက်သည့် စစ်ကြောင်းကို ၄ ကြိမ် တိုက်ခိုက်မှု စစ်သား ၂၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၇

 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာသို့ အင်အားဖြည့်တင်းရန် လာရောက်သည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၃ ဦးသေဆုံးခဲ့ ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့က သရက်ချောင်းမြို့မှ အကြမ်းဖက်စစ်သား အင်အား ၁၀၀ ကျော် ပါ အကြမ်းဖက်စစ်ကြောင်းသည် သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာစစ်တပ်စခန်းကို လက်နက်၊ ခဲယမ်း၊ စစ်သားအင်အားဖြည့်တင်းရန် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် သရက်ချောင်းမြို့နယ် ဘုတ်ကိုင်းကျေးရွာမှ ချောက်ချောင်းရွာသို့ တောလမ်းအတိုင်းဆင်းလာခဲ့ရာ ချောက်ချောင်းရွာ ချောင်းဖျား တောင်ကြောအရောက် ပြည်သူကာကွယ်ရေးရဲဘော်များမှ အသင့်နေရာယူ၍ ချောင်း မြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦး ခန့်သေဆုံးပြီး ၇ ဦးခန့် အပြင်းအထန် ဒဏ်ရာရရှိကာ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

ထိုသို့ ဆုတ်ခွာသွားပြီးနောက် သေဆုံးဒဏ်ရာရ စစ်သားများကို သရက်ချောင်းမြို့နယ်အခြေစိုက် ခမရ ၄၀၄ တပ်ရင်းသို့ ၂ ရက်ခန့်အချိန်ယူကာ သယ်ဆောင်သွားကြောင်း၊ ယင်းတပ်ရင်းရောက်ရှိပြီး နောက် အကြမ်းဖက်စစ်သား ၄၀ ခန့် ထပ်မံအင်အားဖြည့်တင်းကာ ဝင်းဝစခန်းသို့ ဆက်လက် စစ် ကြောင်းထိုးလာခဲ့ကြောင်း သိရသည်။

 

အင်အားထပ်မံဖြည့်တင်းကာ ဝင်းဝစခန်းသို့ ဆက်လက်ထွက်ခွာလာသည့် စစ်ကြောင်းကို ဒီဇင်ဘာ လ ၁၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ချောက်ချောင်းရွာ ချောင်းဖျားကြက်ခြံတွင် မိနစ် ၂၀ ခန့် တစ် ကြိမ်၊ ညနေ ၄ နာရီတွင် ချောက်ချောင်းရွာ ဘောလုံးကွင်းနားအရောက် မိနစ် ၄၀ ခန့် တစ်ကြိမ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ပြီး အရာရှိ ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

 

တိုက်ပွဲ ပြီးဆုံးသွားပြီးနောက် သေဆုံးတပ်သား အလောင်းများအား ဖျောက်ဖျက်ရန် မီးရှို့ခဲ့သဖြင့် ပြည်သူပိုင် ရာဘာတောများလည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

 

အကြမ်းဖက်စစ်ကြောင်းသည် အင်အားတစ်ဝက်စီခွဲကာ ဒဏ်ရာရတပ်သားများနှင့်အတူ သရက် ချောင်းတပ်ရင်းသို့ တစ်ကြောင်း၊ ကျန်စစ်ကြောင်း တစ်ကြောင်းက ဝင်းဝစခန်းသို့ လည်းကောင်း ထွက်ခွာခဲ့ပြီး ဝင်းဝစခန်းသို့ ဆက်လက်ထွက်ခွာခဲ့သည့် အကြမ်းဖက်စစ်ကြောင်းသည် ပြည်သူ ကာကွယ်ရေးရဲဘော်များနှင့်မတွေ့မိစေရန် တောင်ကြောလမ်းများအတိုင်း ရှောင်ကွင်းသွားကြောင်း သိရသည်။

 

ထိုသို့ တောလမ်းများအတိုင်း ဝင်းဝစခန်း ဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် ကြောင်းအား ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ရှာဖွေခဲ့ရာ ဒီဇင်ဘာလ ၁၈ ရက် ညနေ ၄ နာရီ မိနစ် ၂၀ အချိန်တွင် စုံစင်ဖျား ဘောလုံးကွင်း နားအရောက် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အရာရှိ ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာ ရ ၅ ဦး အနက် ဝင်းဝစခန်းအရောက် ၂ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

 

အဆိုပါ အကြမ်းဖက်စစ်ကြောင်းကို ထားဝယ်ခရိုင်တပ်ပေါင်းစု ၊ ဒေါင်းညီနောင် စစ်ကြောင်း ရဲဘော် များများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန် တိုး မြှင့်စွာ ဆောင်ရွက်နေ သည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ ပြုသွားလာနေထိုင်ကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *