Magway News

0 0
Read Time:2 Minute, 46 Second

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦး သေဆုံးပြီး ကား ၂ စီး မီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၇

 

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၁ မှ ပစ္စည်းများ သယ်လာသည့် ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၈ နာရီခန့်က ကပစ ၂၁ မှ ဆိပ်ဖြူမြို့ဘက်သို့ ထွက်လာသော စစ်တပ်ယာဉ်တန်းကို ဆိပ်ဖြူ -ကန်ဇွန်းမ ကားလမ်းတနေရာတွင် မိုင်းဆွဲပြီး အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကား ၂ စီးမီးလောင်ပျက်စီးသွားပြီး စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“မိုင်းဆွဲပြီး ဝိုင်းပစ်တာ၊ ပန်းတိမ်နဲ့ ထုတာ မီးလောင်သွားတယ်၊ တစ်စီးကတော့ မီးလောင်ပြီး ဒီတိုင်း မောင်းသွားတာကို မြင်နေရတယ်။ မိုင်းဆွဲတာလည်းထိတယ်၊ ပန်တိမ်နဲ့ထုတာလည်းထိတယ်။ ယာဉ်တန်းအနေနဲ့ က ၃ စီး၊ နောက်က ဟိုက်ဂျက်တစ်စီးနဲ့ နောက်ထပ် ကားလေးတစ်စီး စုစုပေါင်း ၅ စီး။ ၁၁ ဦးသေတယ်ဆိုတာ ကျနော်တို့ ရတဲ့သတင်း၊ သူတို့က ဆိပ်ဖြူဆေးရုံကို နာရေးကားနဲ့ သယ် သွားတာ။ မရေတွက်နိုင်လို့၊ မီတာ ၇၀ လောက်ကနေ ကပ်ပစ်ရတာဆိုတော့ ကားပေါ်မှာ အတုံး အရုန်းပဲ မြင်နေရတာ။ စနိုက်ပါသမားနဲ့ ငါးကြင်းမြီးသမားဆိုရင် လုံးဝကို ပြန်မပစ်နိုင်ဘူး။” မင်းဘူး ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း ဆိပ်ဖြူမြို့ပေါ်မှ စစ်ကူစစ်ကြောင်းနှင့် ဂျက်ဖိုက်တာဖြင့် လာရောက်တိုက် ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ပခုက္ကူခရိုင် တပ်ရင်း ၁၉ ၊ Yenanthar Columm (မကွေးတိုင်း ပ.က.ဖ ရွေ့လျားစစ်ကြောင်း) နှင့် CGF အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းအနေဖြင့် တော်လှန်ရေး အမြန်ဆုံးပြီးမြောက်အောင်မြင် စေရန် ကြိုးစားတိုက်ခိုက်နေကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *