Magway News

0 0
Read Time:3 Minute, 21 Second

ကျောမြို့ အခြေစိုက် ကပစ ၂၃ တပ်အတွင်း ဗိုလ်ကြီး ၁ ဦးကို ကိုယ့်ကိုကိုယ်သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံးစီရင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၇

 

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောမြို့ခြေစိုက် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံ ကပစ ၂၃ တပ်တွင်း၌ ဗိုလ်ကြီး ၁ ဦး ကိုယ့်ကိုကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားကြောင်း ဒေသ သတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဂန့်ဂေါမြို့နယ်၊ ကျောမြို့အနီးအခြေစိုက်ထားသည့် အမှတ် ၂၃ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး စက်ရုံတပ်အတွင်း တာဝန်ကျနေသော ဗိုလ်ကြီး ၁ ဦးသည် မိသားစုနှင့်ဝေးကွာနေရသဖြင့် အထက်အရာရှိများ၏ ဖိနှိပ်မှုကို မခံတော့သဖြင့် မိမိကိုယ်ကို ကိုယ် ပါးစပ်အတွင်း သေနတ်ဖြင့်တေ့ကာ ပစ်သတ်သေသွားခြင်းဖြစ်ကြောင်း သိရသည်။

 

“ကပစ ၂၃ တပ်ထဲမှာ ၃ ပွင့်ဗိုလ်တစ်ယောက် ပါးစပ်ထဲ သေနတ်နဲ့ပစ်ပြီးသေတယ်၊ သေနတ်နဲ့ ပစ် သေတာပဲ သိတာ၊ ဘာကြောင့်ပစ်တယ်ဆိုတာ အတိအကျတော့ မသိရသေးဘူး။ ၃ ပွင့်ဗိုလ်လို့ သိရ တယ်။ နာမည်က နိုင်စိုးလွင်တဲ့။ မိသားစုက အပြင်ရောက်နေတာ ကြာပြီ၊ သူက ထွက်မရလို့ စိတ် ညစ်ပြီး ကိုယ့်ကိုကိုယ် သတ်သေတာနေမယ်၊ စစ်ကားတွေလည်း ကျောနဲ့ ကပစထဲ သွားလိုက် ပြန်လိုက်နဲ့ လုပ်နေတာ။ ဒီန့တော့ နာရေးလုပ်တယ်ထင်တယ်၊ ဥူးဇင်တွေက ပကစထဲကြွတယ်” ဟု ဒေသသတင်းရင်းမြစ်က သံလွင်မြန်မာသတင်းဌာနသို့ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနှောင်းပိုင်းမှစတင်ပြီး ကျောမြို့၊ အမှတ် ၂၃ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှ တပ်မိသားစုဝင်များအားလုံးကို ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့ရာ စက်တင် ဘာလ ၄ ရက်နေ့တွင် ကိုယ်ဝန်ဆောင်၊ ကလေးမိခင်၊ ကလေးငယ်များ အပါအဝင် တပ်မိသားစုဝင် များအား လုံးကို ရဟတ်ယာဉ်များဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ်သို့ ပို့ဆောင်ကာ ယင်းမှတ ဆင့် သက်ဆိုင်ရာ ဇာတိနေရာများသို့ ပြန်ခိုင်းခဲ့ကြောင်း၊ ထိုသို့ ပြောင်းရွှေ့ပေးပြီးနောက် ကပစ ၂၃ မှ အရာရှိနှင့် စစ်သည်များကို အသေခံ တိုက်ပွဲဝင်ရန် စစ်ကောင်စီက အမိန့်ပေး ညွှန်ကြားထား ကြောင်း သိရှိရသည်။

 

အကြမ်းဖက်စစ်ကောင်စီက ဂန့်ဂေါမြို့နယ်အတွင်း တပ်များ၊ ကပစစက်ရုံများ၊ အင်ဂျင်နီယာတပ် များတွင် လေကြောင်းဖြင့် လက်နက်ခဲယမ်းနှင့် ရိက္ခာများ ဖြည့်တင်းပေးနေပြီး တပ်များနှင့်စခန်းများ မကျစေရေး အရာရှိနှင့်စစ်သည်များ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ကြရန် အမိန့်ပေးညွှန်ကြားနေကြောင်း၊ ဂန့်ဂေါမြို့နယ်အတွင်းတွင် မြေပြင် ကုန်းလမ်းကို စစ်ကောင်စီက ထိုးဖောက်နိုင်တော့ခြင်းမရှိဘဲ လေ ကြောင်းကိုသာ အဓိက အားကိုးနေရကြောင်း သိရှိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *