ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ စစ်တပ်ဂိတ်ရှိ စစ်သား၊ ရဲများက လူငယ်များကို ဖမ်း ဆီးနေ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၇
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာ စစ်တပ်ဂိတ်ရှိ စစ်သား၊ ရဲများက လူငယ်များကို ဖမ်း ဆီးနေကြောင်း ဒေသနေပြည်သူများထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့မှစ၍ ချောက်မြို့နယ်၊ ဂွေးချိုကျေးရွာရှိ အကြမ်းဖက်စစ်သား၊ ရဲများ က မှတ်ပုံတင်စစ်ဆေးခြင်းမပြုတော့ပဲ လူငယ်များဖြစ်ပါက မည်သူမဆို ဖမ်းခေါ်ထားခြင်းဖြစ်ပြီး ရန် ကုန်မြို့၊ မန္တလေးမြို့တို့မှ ချောက်၊ ရေနံချောင်း၊ မကွေးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့သို့ ပြန်ကြမည့် လူ ငယ်များအနေဖြင့် အခက်အခဲများစွာရှိကြောင်း သိရသည်။
Phoito – ပုံဟောင်း
“ဂွေးချိုနဲ့ ကျောက်ပန်းတောင်း ကြား မှတ်ပုံတင်အစစ်အဆေးကြမ်းတဲ့ ပိုက်လိုင်းဂိတ်က မှတ်ပုံတင် မစစ်တော့ပဲ လူငယ်ဆိုရင် ဖမ်းခေါ်ထားနေတယ်လို့ သိရတယ်။ ရန်ကုန်ကလည်း ပေါ်တာတအားဆွဲ နေတော့ မိမိမွေးရပ်မြေကို ပြန်လာရင် အဲဒီဂိတ်ကို ကြောက်နေကြတယ် ကျေးရွာနေပြည်သူတွေ လည်း ကျောက်ပန်တောင်း ဈေးကားတွေ သွားကြတာရှိပါတယ်၊ ယောက်ျား၊ မိန်းမ အကုန်ဆွဲ မယ်လို့ ပြောနေပါတယ်လို့” ဒေသနေပြည်သူတစ်ဦးက ပြောကြားသည်။
ယင်းဂိတ်တွင် အကြမ်းဖက်စစ်သား၊ ရဲ များသည် ကျောက်ပန်းတောင်းမြို့သို့ ဈေးဝယ်သွားကြသည့် ဒေသနေပြည်သူများကို မှတ်ပုံတင်စစ်ဆေးကာ ငွေညှစ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်း လုပ် ဆောင်နေသည့် ဂိတ်ဖြစ်ကြောင်း၊ ထို့အပြင် ဂွေးချိုရဲစခန်းမှ ရေနံချောင်းအထိလည်း ဂိတ် အဆင့် ဆင့် ချထားကာ စစ်ဆေးမှုများလည်း ရှိကြောင်း သိရသည်။
“အဆိုးဆုံးက အဲဒီ ဂွေချိူ ရဲစခန်း က အဆိုးဆုံးပဲ ရေနံချောင်း အထိ ဂိတ်ချထားတာ ကျေးရွာဘက် ပြန်မယ့်သူတွေ ကျောက်ပန်းတောင်း ဈေးဝယ်ထွက်နေကြ ကျေးရွာက ပြည်သူတွေ အခုသတင်း ကြောင့် မသွားကြတောဘူး။ လူငယ်မှန် မှတ်ပုံတင်ပါ မစစ်တောဘဲ ဆွဲနေတယ်။ ရန်ကုန် ၊ မန္တလေး က ပြန်မယ့် သူတွေ သိအောင်လို့ ကျေးရွာကနေ မြို့တက်ဈေးဝယ်သွားကြတဲ့သူတွေ သိအောင်လို့ ဖော်ပြစေချင်တယ်” ဟု ဒေသနေပြည်သူတစ်ဦးက ပြောဆိုသည်။
Thanlwin Myannar Media