Karenni State News

0 0
Read Time:1 Minute, 41 Second

ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု အမျိုးသမီး ၁ ဦး သေဆုံးပြီး နေအိမ်ဈေးဆိုင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၇

 

ကရင်နီပြည်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးသေဆုံးပြီး နေအိမ် ဈေးဆိုင် ၁ ဆိုင်ပျက်စီးခဲ့ ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ထံက သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၆ ရက် ည ၉ နာရီခန့်က ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုအတွင်း တနေရာရှိ ဈေးဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စစ်ကောင်စီတပ်လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဈေးရောင်းချနေသူ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဈေးဆိုင်တစ်ခုလုံးလည်းထိခိုက်ပျက်စီးသွား‌ ကြောင်း သိရသည်။

 

“မနေ့ညက ၉ နာရီလောက်မှာဖြစ်ပါတယ်။ စစ်ကောင်စီက နန်းဖဲကျေးရွာအုပ်စုထဲမှာရှိတဲ့ နေရာ တနေရာက ဈေးဆိုင်လေးကို ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ဈေးရောင်းနေတဲ့ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့တာပါ။ သေဆုံးတဲ့သူတစ်ဦးပဲ ရှိတယ်လို့ပဲ သိရပါတယ်။” ဟု KNDF ဗဟို သတင်း နှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *