အုတ်ဖိုမြို့နယ်၊ စင်မြင့်ရွာရှိ နေအိမ် ၁၆ လုံးကို စစ်တပ် မီးရှို့ဖျက်ဆီး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၇
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ စင်မြင့်ကျေးရွာရှိ နေအိမ် ၁၆ လုံး ကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ထံ မှ သိရသည်။
ဖေဖော်ဝါရီလ ၄ ရက် နံနက် ၉ နာရီခန့်က အုတ်မြိုနယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ချောင်းဂေါင်းအုပ်စု၊ စင်မြင့်ရွာအနီး၌ အင်အား ၄၀ ဦးခန့်ပါ အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ လက်နက်ကြီး ၊လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၆ ဦး သေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရရှိခဲ့ကြောင်း၊ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ခိုက်ခံရပြီးနောက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်တွင် ထန်းကုန်းရွာဘက်သို့ ရောက်ရှိလာ သည့်အကြမ်းဖက် စစ်သား ၄၀ ဦးခန့်သည်လည်း ပြည်သူကား ၂ စီးကို ချောဆွဲကာ စင်မြင့်ကျေးရွာ သို့ ထပ်မံရောက်ရှိလာပြီး ပြည်သူ့နေအိမ် ၁၆ လုံးကို မီးရှို့ဖျက်ဆီး၍ သေဆုံး၊ ဒဏ်ရာရ စစ်သားများ ကို သယ်ဆောင်၍ ဆုတ်ခွာသွားကြောင်း သိရသည်။
ပဲခူးရိုးမအတွင်းနေ ပြည်သူများကို အကြမ်းဖက်စစ်သားများက လူသားဒိုင်းအဖြစ် ပေါ်တာဆွဲ ဖမ်း ဆီးခြင်း၊ မော်တော်ယာဥ်များအား ချောဆွဲခြင်းများ ပြုလုပ်နေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနိုင်ပြီး မိဘပြည်သူများအနေဖြင့်လည်း အကြမ်းဖက်စစ်ကြောင်းများ၊ စစ်သားများအနီး သွား လာနေထိုင်ခြင်းများ မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က အသိပေးထုတ်ပြန်ထား သည်။
Thanlwin Myanmar Media