၂၀၂၅ ခုနှစ်သည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အောင်ပွဲဖြစ်စေရန်အတွက် ပူးပေါင်းဆောင်ရွက်ကြရန် NUG ဝန်ကြီးချုပ်တိုက်တွန်း (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၆
၂၀၂၅ ခုနှစ်သည် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အောင်ပွဲဖြစ်စေရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက် သွားကြရန် NUG အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် သတ္တမအကြိမ် အစည်းအဝေးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၀၂၅ ခုနှစ်ဟာ သေချာပေါက်အပြောင်းအလဲတစ်ခုဖြစ်အောင် ကျနော်တို့အစွမ်းကုန် ကြိုးစားရမှာ ဖြစ်တာကြောင့် ပြည်သူ့ဆန္ဒ၊ ပြည်သူ့အောင်ပွဲဖြစ်စေဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းပြောကြားလို့ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကိုလည်း အမိန့်နာခံမှု၊ စစ်ရေး ဆိုင်ရာ ကျင့်ဝတ်များ လိုက်နာမှု ပိုမိုအားကောင်းကာ ပိုမို စွမ်းရည်ထက်မြက်လာစေရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်သူ့ဘဏ္ဍာငွေများကို အလေ အလွင့်မရှိစေပဲ တော်လှန်ရေးတွင် ထိရောက်စွာ အသုံးပြုနိုင်ရန် ကိစ္စ ရပ်ကိုလည်း အလေးထား ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း အသိပေးထားသည်။
“အနာဂတ်နိုင်ငံ တော်တည်ဆောက် ရေး ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ ကိစ္စရပ်တွေလည်း တော် လှန်ရေး အင်အားစုတွေအားလုံးနဲ့ နိုင်ငံ ရေး ဆိုင်ရာ သဘောတူညီချက်တွေ ရရှိနိုင်ဖို့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ဦးစားပေး လုပ်ငန်းစဉ်အဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်။ နိုင်ငံရေး စံတန်ဖိုးကို အခြေပြုပြီး လက်တွေ့ကျတဲ့ နိုင်ငံရေး ဆိုင်ရာ ကြိုးပမ်းအဖြေရှာမှုတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုသည်။
Thanlwin Myanmar Media