CDM News

0 0
Read Time:2 Minute, 6 Second

ကော့ကရိတ်အခြေစိုက် ခမရ ၅၈၄ တပ်ရင်းမှ စစ်သား ၄ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်း ဝင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၆

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အခြေစိုက် ခမရ ၅၈၄ တပ်ရင်းမှ စစ်သား ၄ ဦး လက်နက်ခဲယမ်း များနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ကော့ကရိတ်မြို့အခြေစိုက် ခမရ ၅၈၄ တပ်ရင်းမှ ဒုတက ညီညီလွင်၊ တသ မြင့်ဝင်း ၊ တသမျိုးမင်းသက် ၊ တသ စောအေးဖရေ တို့ ၄ ဦးသည် ကေအဲန်ယူ− ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ် မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ထံသို့ အလင်းဝင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ အလင်းဝင်ရောက်စဉ် MA-4 အမျိုးအစား တွဲပစ် လောင်ချာ (၁) လက်၊ MA-1 အမျိုးအစား သေနတ် (၂) လက်၊ ကျည် (၇၅) တောင့် နှင့် ကျည်ဘောက် (၃) ဘောက်တို့ကို ယူဆောင်လာနိုင် ခဲ့သဖြင့် KNLA တပ်ရင်း ၉ နှင့် လယ်ဒိုမြို့ တာဝန်ရှိသူများ ပူးပေါင်းပြီး တစ်ဦးလျှင် မြန်မာငွေ ကျပ် (၁၀) သိန်း စီ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

 

၎င်းတို့ (၄) ဦးသည် ပေါ်တာဆွဲခံခဲ့ရပြီး ပြည်သူစစ်မှုထမ်းအဖြစ်သို့ ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ အာဏာ သိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကိုခံခဲ့ရသူများဖြစ်ကြောင်း KNU ဗဟိုက ပြောဆိုထားသည်။

 

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံရပြီး အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်း ခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာ ကွယ်ရေး တပ်များထံသို့ ရရာနည်းလမ်းဖြင့် လက်နက်ချ အလင်းဝင်ရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *