Tanintharyi News

0 0
Read Time:3 Minute, 23 Second

ပုလောမြို့တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအဓမ္မသွတ်သွင်းနေသူ အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၅

 

တနင်္သာရီတိုင်း ၊ ပုလောမြို့နယ်၊ ပုလောမြို့တွင် လူငယ်များကို စစ်မှုထမ်းအဖြစ် အတင်းအဓမ္မသွတ် သွင်းနေသူ အုပ်ချုပ်ရေးမှူး ပန်းချီသန်းဝင်းကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း – Palaw People’s Defence Force ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် ည ၈ နာရီ ၃၀ မိနစ်အချိန်က အကြမ်းဖက်စစ်ကောင်စီမှ ခန့်အပ် ထားသည့် ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးဖြစ်သူ ပန်းချီသန်းဝင်းအား တော်လှန် ရေး တပ်ဖွဲ့ဝင်များက မြို့တွင်းနေအိမ် အထိ ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံး သွားကြောင်း သိရသည်။

 

“ပစ္စည်းတွေ သိမ်းမိတာမျိုးတော့ မရှိပါဘူး။ သူက ပန်းချီဆွဲသူ ဟုတ်ပါတယ်။ မြို့ထဲအထိဝင်ရှင်းခဲ့ တာပါ။ ထပ်ဖြည့်ပြောချင်တာကတော့ အခြားအုပ်ချုပ်ရေးမှူးတွေ အနေနဲ့ စစ်မှုထမ်းကို အဓမ္မစု ဆောင်းနေအုံးမယ်ဆိုရင် သူ့လိုပဲ အဆုံးသတ်ရမယ်ဆိုတာမျိုး ပြောချင်ပါတယ်” ဟု မြိတ်ခရိုင် အ မှတ် ၁ တပ်ရင်း – Palaw People’s Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ ပန်းချီသန်းဝင်းသည် အကြမ်းဖက်စစ်ကောင်စီမှ နိုင်ငံတော်ကို ပုန်ကန်၍ နိုင်ငံ့အာဏာကို လုယူပြီးနောက် ပုလောမြို့၊ အမှတ် ၅ ရပ်ကွက်၏ အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်ခြင်းခံရသူဖြစ် ၎င်း သည် အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီအလိုကျ လူငယ်လူရွယ်များကို စစ်မှုထမ်းအဖြစ် အဓမ္မသွတ်သွင်းနေသူ ဖြစ်ကြောင်း သိရသည်။

 

ထိုသို့ လုပ်ဆောင်နေမှုများကို ချက်ချင်းရပ်တန့်ရန် တော်လှန်ရေးတပ်ပေါင်စုများမှ အကြိမ်ကြိမ် သတိပေးခဲ့သော်လည်း ရပ်တန့်ခြင်းမရှိပဲ လူငယ်များကို ဖမ်းဆီးခြင်း၊ စစ်မှုထမ်းအဖြစ် သွတ်သွင်း ခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းတို့ကို ဆက်တိုက်ကျူးလွန်နေခဲ့သောကြောင့် အပြီးတိုင် ရှင်းလင်းပစ်ခဲ့ ရခြင်းဖြစ်ကြောင်း အသိပေးသည်။

 

အဆိုပါ စစ်ဆင်ရေးကို မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းနှင့် ကရင်အမျိုးသားကာကွယ် ရေးတပ် (KNDO) ၊ တပ်ရင်း ၇ ပူးပေါင်းတပ်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ပုလောမြို့နယ်အတွင်းရှိ ကျန်ရှိနေ သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် ပြည်သူလူထုအား စစ်မှုထမ်းအဖြစ် သွတ်သွင်း ရန် နှင့် ဖမ်းဆီးခြင်းများ ဆက်လက်မပြုလုပ်ရန် သတိပေးလိုပြီး အကယ်၍ လိုက်နာဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာအပြစ်ပေးအရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *