Read Time:59 Second
ကဗျာကဏ္ဍ “တော်လှန်သတိ”
ပျိုးကြဲလက်
ဟေမန္တာ နှင်းသည်းလို့
တကတဲ ချမ်းတုန်
စစ်ရေးက လမ်းအဆုံမှာ
ညီနောင်စုံ မနား ။
တိုက်ပွဲက ထပ်ခါကြုံတယ်
ကျည်ကုန်ရင် စိတ်ပျက်မိသား ။
လောင်မြိုက်ပေါ့ အပူရယ်
ပြည်သူကို သနား ။
ပရိယာယ် မာယာများ
တိုင်းတပါး ဖြစ်ပုံ ။
ပွဲလန့်ချိန် ဖျာခင်းလို့
ခြယ်လှယ်ရင်း ကြိုးကိုင်ကြကုန် ။
ပုန်ကန်ကြ တူစုံကွယ်
တော်လှန်ဟုန် အထူးနဲ့
အာဏာရူး ပလ္လင်မြှောင်
နန်းချရအောင် ။
စနစ်နဲ့ လူညစ်ခေါင်ကို
သွေးပြောင်ပြောင် တိုက်ထုတ်ကွယ့်လေး ။
တိုင်းတပါး မိတ်ဆွေယောင်ကို
စွဲနစ်အောင် မှတ်ကြကွယ့်လေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက် နံနက် အစောပိုင်း ၂ နာရီ
Thanlwin Myanmar Media