စစ်တပ်၏ အဓမ္မစုဆောင်းခြင်းမခံရမီ နည်းမျိုးစုံသုံးပြီး ရှောင်ရှားကြရန် NUG တိုက်တွန်း (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
အကြမ်းဖက်စစ်ကောင်စီတပ်၏ အဓမ္မစုဆောင်ခြင်းမခံရမီ နည်းမျိုးစုံအသုံးပြု၍ ရှောင်းရှားကြရန် NUG အစိုးရက တိုက်တွန်းလိုက်သည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားသတင်း စကားပြောကြား ခြင်း (press Briefing) အစီအစဉ် (၃/၂၀၂၅) တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား ညီညွတ်ရေးအစိုးရ ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။
“ကျနော်တို့ အကြံပြုချင်တာကတော့ အစုအဆောင်းမခံရခင် နည်းမျိုးစုံသုံးပြီး အတတ်နိုင်ဆုံး ရှောင် ရှားပါ။ တော်လှန်ရေး အင်အားစုတွေနဲ့ ဆက်သွယ်ပါ။ ဘယ်လိုမှ မရှောင်နိုင်တော့လို့ ပါသွားခဲ့ရင် ရှေ့တန်းစစ်မျက်နှာတွေမရောက်ခင်မှာ ထွက်ပြေးနိုင်တဲ့အခွင့်အရေးရအောင်ကြိုးစားပါ။ အဲလိုမှ မဟုတ်ပဲ ရှေ့တန်းအထိပါသွားခဲ့ရင် အခြေအနေပေးတာနဲ့ လက်နက်ချတာ။ အလံဖြူထောင်တာ လုပ်နိုင်အောင် ကြိုးစားပါ။ စိတ်အေးအေးထားပြီး ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်သမျှ ကြိုလုပ်ပါ လို့ပြောလိုပါတယ်။”
အကြမ်းဖက်စစ်ကောင်စီသည် စစ်မှုထမ်းနည်းဥပဒေထုတ်ပြန်လာပြီးနောက်အမျိုးသမီးများကိုပါ စစ်မှုထမ်း ဖော်ဆောင်တော့မည်ဟု ထည့်သွင်းလာကြောင်း၊ အပတ်စဉ် ၉ ရောက်လာသည် အထိ လူဦးရေ ပေါင်း ၄ သောင်းကျော် မတရားစုဆောင်းခဲ့ပြီး အဓမ္မစုဆောင်းခံရသည့် လူငယ်များကို ရှေ့ တန်းစစ်မျက်နှာမျိုးစုံကို ပို့ဆောင်ခဲ့ကြောင်း၊ ရှေ့တန်းရင်တိုက်ပွဲများတွင် စစ်သား လား၊ အဓမ္မ စုဆောင်းခံရသူလား ဆိုသည်ကို ခွဲခြားနိုင်သည့် အခြေအနေ မဟုတ်ဆိုသည်ကို စုဆောင်းခံရ မည့် လူငယ်အမျိုးသား၊ အမျိုးသမီး အားလုံး သိဖို့လိုအပ်ကြောင်း သတိပေးထားသည်။
Thanlwin Myanmar Media