ဂျပန်နိုင်ငံ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jiyaji Takuma က နွေဦးတော်လှန်ရေးအဖွဲ့ များနှင့်တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်သွားမည်ဟု ကတိပြု
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
ဂျပန်နိုင်ငံ ၊နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Jiyaji Takuma က မြန်မာနိုင်ငံသား နွေဦးတော်လှန်ရေးအဖွဲ့မျးနှင့်တွေ့ဆုံပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေး အပ်သွားမည်ဟု ကတိပြုခဲ့ ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန် သည်။
ဖေဖော်ဝါရီလ ၄ ရက် ညနေ ၄ နာရီ ၂၀ မိနစ်က ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Miyaji Takuma သည် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် မိနစ်၂၀အကြာ ရင်းနှီးလေးစားစွာ လက်ခံ တွေ့ဆုံခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင်အာဏာသိမ်းခံရပြီးနောက် ၄ နှစ်တာကာလ အလွန် အခြေအနေများ၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာပြည် ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်ရရှိရန်အတွက် ဂျပန် အစိုးရအနေ ဖြင့် တိတိကျကျ ထိထိရောက်ရောက်ရှိသည့်နိုင်ငံရေးပေါ်လစီကို လုပ်ဆောင်ပေးရန်တောင်းဆို ထား သည့် ‘တောင်းဆိုစာ’ ကိုလည် လက်ခံရရှိခဲ့သည်ဟု ဂျပန်နိုင်ငံ ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အာဏာသိမ်းခြင်း ၄ နှစ်တာ ကျော်လွန်ခဲ့ သည့် ယနေ့တိုင် မြန်မာ့အရေး တိုးတက်ပြောင်းလဲလာ ခြင်းကို လုံးဝမမြင်ရသည့်အပေါ် အလွန်အမင်း စိတ်မကောင်းဖြစ်ရသည်ဟု ဒုတိယနိုင်ငံခြားရေး ဝန်ကြီး Mr. Miyaji Takuma က ပြောဆိုခဲ့သည်။
ခက်ခဲဒုက္ခရောက်နေသည့် မြန်မာပြည်သူများအား ဖေးမကူညီမည်ဆိုသည့် ခိုင်မာသည့် လမ်းစဉ် အောက်တွင် ဆက်လက်၍ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပိုမိုကူညီပေးခြင်းနှင့်အတူ နောက်နောင်တွင်လည်း သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးနှင့် တွေ့ဆုံဆွေးနွေးကာ အခြေအနေ တိုးတက်ပြောင်းလဲလာရန်လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ဒုတိယနိုင်ငံခြားရေးဝန်ကြီးMr. Miyaji က ပြောကြားခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Mr.Iwaya ကလည်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများချက်ချင်း ရပ်တန့်ရန် ၊ ဖမ်းဆီးခံထားရသူများကို လွတ်ပေးရန် နှင့် မြန်မာပြည် ဒီမိုကရေစီစနစ်နှင့် ငြိမ်းချမ်းရေးအမြန်ဆုံး ပြန် လည်ရရှိရန်အတွက် မြန်မာစစ်တပ်အပေါ် ထပ်မံ တောင်းဆို တိုက်တွန်းခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media