ကြို့ပင်ကောက်မြို့နယ်တွင် လယ်သမား၊ လက်လုပ်လက်စားများထံမှ ဆက်ကြေးကောက်နေသည့် အုပ်ကြီး ထွန်းအောင် ပစ်ခတ်ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၅
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် လယ်သမား၊ လက်လုပ်လက်စားများထံမှ ဆက်ကြေး ကောက်နေသည့် အုပ်ကြီး ထွန်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း Dragon Brothers GBK ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီခန့်က ကြိုပင်ကောက်မြို့နယ်၊ ကန်ဦး အုပ်စုတွင် လယ်သမား၊ လက်လုပ်လက်စားများထံမှ ငွေကြေးကောက်ခံခြင်း၊ လူငယ်များကို ပေါ်တာဆွဲဖမ်း ဆီးခြင်းစသည် တို့လုပ်ဆောင်နေသည့် အုပ်ကြီးထွန်းအောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ ၊ တပ်ခွဲ (၁) ၊ Dragon Brothers GBK နှင့် တပ်ရင်း ၃၈ဝ၁ ၊ တပ်ခွဲ (၁) YOMA GBK တို ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အုပ်ကြီးထွန်းအောင်သည် လယ်သမားနှင့် လက်လုပ်လက်စားတိုအား ကျပ် ၄၀၀၀၀၊ ကျပ် ၈၀၀၀၀ စသည်ဖြင့် ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူတို့၏ ပစ္စည်း များကို ပျူ၊ စခ၊ ရခ တို့မှ အဓမ္မသိမ်းယူရာတွင် တစ်ဝက်စား ပါဝင်ဆောင်ရွက်ခြင်း၊ ငွေကြေး အဆမတန် တောင်းခံပြီး ကိုယ် ကျိုးစီးပွား အတွက် အသုံးပြုခြင်းများနှင့် ရင်းတိုက်ကွင်းကျေးရွာအား စစ်မှုထမ်းပေါ်တာ ဝင်ဆွဲရာ တွင် လက်ထောက်ချခြင်းတိုကို ပြုလုပ်သူဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media