Bago News

0 0
Read Time:2 Minute, 16 Second

ဇီးကုန်းမြို့နယ်၊မီးကောက်ပင်ကျေးရွာသို့ ဝင်ရောက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီ ၅

 

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိကြောင်း YOMA (GBK) PDF ပြည်သူကာကွယ် ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂ ရက် နံနက် ၅ နာရီက ကြို့ပင်ကောက်မြို့နယ်၊ ကွင်းချောင်းကျေးရွာမှ စစ်သား၊ ပျူ အင်အား ၅၀ခ န့်သည် လူငယ်များကို အတင်းအဓမ္မစစ်မှုထမ်းပေါ်တာဆွဲရန် မြို့ကိုင်းအုပ်စု၊ ကျွန်း တောစုကျေးရွာဘက်သို့ ဝင်ရောက်ခဲ့ကြောင်း၊ ထို့ကြောင့် ကျွန်းတောစုကျေးရွာမှ လူငယ်များအပါ အဝင် ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

ထို့သို့ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေစဉ် အကြမ်းဖက်စစ်သား၊ ပျူများက ကျွန်တောစု ကျေး ရွာအတွင်းရှိ  ပြည်သူပိုင် နေအိမ်တချို့အတွင်းသို့ ဝင်ရောက်မွှေနှောက်ကာ  ရွှေ၊ ငွေ နှင့် တန်ဖိုးရှိ ပစ္စည်များများကို ခိုးယူသွားကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ယင်းအကြမ်းဖက်စစ်သား၊ ပျူများသည် ဇီးကုန်းမြို့နယ်အပိုင် မီး ကောက်ပင် ကျေးရွာအတွင်းသို့ ဝင်ရောက်လာစဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူများ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီ ခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ-၁ YOMA (GBK) PDF ပြည်သူကာကွယ်ရေး တပ်ဖွဲ့၊ သာယာဝတီ ခရိုင် တပ်ရင်း (၃၈၀၁) တပ်ခွဲ-၁ Dragon Brothers (GBK) PDF နှင့် ပဲခူးရိုးမ အခြေပြု BTZM (GBK) PDF ညီနှောင်မဟာမိတ် တပ်ပေါင်းစုတို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *