ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းပေါ်တွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး ကား ၁ စီးပျက်စီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -မန္တလေးလမ်းလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ် သားများ လိုက်ပါလာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှု ရှိပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း Yea Nagar People Defence Force တပ်ဖွဲ့ထံမှ သိရသည။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက် ၉ နာရီ ၅၉ မိနစ်က မုံရွာမြို့အခြေစိုက် အနောက်မြောက် တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းမှ အကြမ်းဖက်စစ်သားများ တင်ဆောင်ပြီး စစ်ကိုင်းမြို့ဘက်သို့ ထွက် လာသော သံပြားကာကား ၂ စီးကို ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာနှင့်ချောင်းဦးမြို့ ကြား အရောက် ဒုတိယမြောက်ကားကို ပဒေသာမိုင်းပွိုင့် ၃ ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရ သည်။
“စခတွေ ထိခိုက်သေဆုံးမှုကတော့ ရှိတယ်၊ အတိအကျတော့ မသိရဘူး။ ကား ၁ စီးပျက်သွားတာ၊ အဲ ဒီ ပျက်သွားတဲ့ကားကို အရှေ့က ကားကနေ ပြန်ဆွဲယူသွားတာပါ၊ မုံရွာကနေ နောက်ထပ် သံပြားကာ ကား ၅ စီးလည်းထပ်ထွက်လာခဲ့သေးတယ်။ကြေးနီတင်ကားတန်းမဟုတ်ပါဘူး။ စခတွေပဲ တင်လာ တဲ့ ကားတွေပါ” ဟု Yae Nagar People Defence Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Yae Nagar People Defence Force တပ်ဖွဲ့နှင့် ချောင်းဦးမြို့နယ် အခြေစိုက် BLDF အညာမိုင်းတပ်ခွဲမှ ရဲဘော်များပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media