ချောက်မြို့ပေါ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးရာ၌ ကူညီပေးနေသည့် တင်လှ (ခ) ဒေါင်တင် ကို ဝင်ရောက်ဖမ်းဆီး ပြီး ပစ်ခတ်ခံရသဖြင့် သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၄
မကွေးတိုင်း၊ ချောက်မြို့ပေါ်တွင်အကြမ်းဖက် စစ်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရာ ကူညီပေးနေသူ တင်လှ (ခ) ဒေါင်းတင်အား ဝင်ရောက်ဖမ်းဆီးပြီး ပစ်ခတ်ရှင်းလင်းခဲ့ ရာနေရာမှာပင် သေဆုံးသွားကြောင်း Chauk Guerrilla Force – C.C.F ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် နေ့လည်ပိုင်းက ချောက်မြို့နယ် ၊ အမှတ် ၁၅ နယ်မြေ၊ တိုးချဲ့ရပ် ကွက်တွင်နေထိုင်သူ အကြမ်းဖက်စစ်တပ်ထောက်တိုင် တင်လှ (ခ)ဒေါင်းတင်အား ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးပြီး မြို့ပြင်သို့ခေါ်ထုတ်၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွား ကြောင်း သိရသည်။
“မြို့ထဲအထိဝင်ဖမ်းခဲ့တာ၊ စခတွေမသိလိုက်ဘူး။ သူလာမယ်ဆိုတာ သတင်းကြိုရလို့ လူပြတ်တဲ့ လမ်းနေရာကနေ စောင့်ဖမ်းပြီးခေါ်ထုတ်လာခဲ့တာပါ။ မှတ်ပုံတင်တစ်ခုနဲ့ ဖုန်းတစ်လုံးတော့ သိမ်း ဆည်းရရှိခဲ့တယ်။ မြို့ပြင်တနေရာမှာ ခေါ်ထုတ်ရှင်းခဲ့တာဆိုတော့ အလောင်းလည်း လာမကောက် နိုင်လောက်ဆိုပြီး ကောင်းကောင်းမွန်မွန်နဲ့ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ပါတယ်” ဟု Chauk Guerrilla Force – C.C.F တာဝန်ခံကို Ko Paing က ပြောကြားသည်။
သေဆုံးသူ တင်လှ (ခ) ဒေါင်းတင်သည် အကြမ်းဖက်စစ်တပ်၏ ပေါ်တာဆွဲ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်း သည့် ကိစ္စများကို ဦးဆောင်ကာ လုပ်ဆောင်ပေးနေသူဖြစ်သည့်အပြင် ၂၀၂၃ ခု နှစ်ကလည်း UG တပ်ဖွဲ့ဝင်များကို လိုက်လံစုံစမ်းကာ အကြမ်းဖက်စစ်တပ်ထံ တိုင်ကြားပြီး ဖမ်းဆီးခိုင်းမှုများရှိခဲ့ သ ဖြင့် ပြည်သူ့အကျိုးစီးပွားကို နှောက်ယှက် ဖျက်ဆီးနေသူ စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ မြို့တွင်း အထိဝင်ရောက်ဖမ်းဆီးခဲ့ပြီး ရှင်းလင်းခဲ့ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို Chauk Guerrilla Force – C.G.F နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media