စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း ဆက်ကြေးကောက်နေသည့် ဒုရဲအုပ် ရဲမေ လဲ့လဲ့စိုး ပစ်ခတ်ခံရပြီးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၄
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ဈေးအတွင်း၌ ဆက်ကြေးကောက်နေသည့် ဒုရဲအုပ် ရဲမေ လဲ့လဲ့ဝင်းကို ပစ်ခတ် ရှင်းလင်းခဲ့ရာ နေရာမှာ ပင်သေဆုံးသွားကြောင်း စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၈ နာရီ ၁၃ မိနစ်က စလင်းမြို့နယ်၊ တညောင်တိုက်နယ် ရဲစခန်း မှ ဒု-ရဲ-အုပ် -လဲ့လဲ့စိုး (ခ) ဝက်မ သည် တညောင်ဈေးထဲ ပိုက်ဆံလိုက်ကောက်နေစဉ် ပြည်သူ့ကာ ကွယ် ရေး အဖွဲ့-စလင်းမှ လှည့်ကင်းရဲဘော်များက တွေ့ရှိပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာနေရာတွင် ပွဲချင်း ပြီး သေဆုံးသွားကြောင်း သိရသည်။
“သူက ဈေးထဲမှာ ဆက်ကြေးကောက်နေတုန်း လှည့်ကင်းရဲဘော်တွေက တွေ့ပြီး ရှင်းခဲ့တာ၊ ပစ်ခတ် ရှင်းလင်းပြီးတဲ့အခါ တညောင်ခွဲရုံရှိတယ်၊ ဈေးနားဝန်းကျင်တွေရော အဆက်မပြတ် ဂန်းတွေဖောက် တယ်။ ဂန်းတွေဖောက်ပြီးတော့ လမ်းပိုင်းကို ခဏပိတ်ထားတယ်။ အခုတော့ ပြန်ဖွင့်လိုက်ပေးပြီ။ ရဲဘော်တွေအားလုံးဘေးကင်းစွာ ပြန်ဆုတ်နိုင်ခဲ့ပါတယ်” ဟု စလင်းမြို့နယ်ပြည်သူ့ ကာကွယ်ရေး အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သေဆုံးသူ ဒုရဲအုပ် လဲ့လဲ့စိုး (ခ) ဝက်မ အပါအဝင် ရဲများအားလုံးကို အလင်းဝင်ရောက်ကြရန် ၃ ကြိမ် တိတိ ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း အလင်းဝင်ရောက်လာခြင်းမပြုသည့်အပြင်၊ ပြည်သူ များ အပေါ် ခြိမ်းခြောက်ငွေတောင်းရမ်းမှုနှင့် စစ်ရာဇဝတ်မှုများကျူးလွန်ခဲ့ကြောင်း သတင်းအတိ အကျရရှိထားသဖြင့် ပစ်ခတ်ရှင်းလင်းမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါ စစ်ရေးကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန် ၃ ရဲဘော်များမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လတ်တလောတွင် တညောင်ရဲစခန်းနှင့် တညောင်- မြို့လှလျှပ်စစ်ဓာတ်အားပေးရုံမှ စစ်သား များက သေနတ်များပစ်ဖောက်ကာ တညောင်လမ်းပိုင်းများအား ပိတ်ထားကြောင်း သိရသည်။
Thanlwin Myanmar Media