စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းနှင့် စာသင်ကျောင်း၌တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များကို ဗုံးကြဲတိုက်ခိုက်မှု ၁ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းနှင့် စာသင်ကျောင်း၌တပ်စွဲထားသော စစ်ကောင် စီတပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူ ၁ ဦးသေဆုံးခဲ့ကြောင်း Royal Falcon တပ်ဖွဲ့ ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက် န့က စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းရဲစခန်း ဒရုန်းဖြင့် ဗုံးသီး ၅ လုံး၊ ဆား တောင်မြို့အထကကျောင်း ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးသီး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအတွင်းရှိ ပျူ ၁ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း စာသင်ကျောင်းအတွင်းမှ အကြမ်းဖက်စစ်သား၊ ပျူများက လက်နက်ကြီး ၂ လုံးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Royal Falcon Guerilla Force (Sadaung Falcon) ၊ Phoenix -Sagaing ၊ Unicorn Guerrilla Force နှင့် စစ်ကိုင်းခရိုင် အမှတ် ၇ တပ်ရင်း တို့ ပူးပေါင်းကာ အတင်းအဓမ္မ စစ် အာဏာသိမ်းယူမှု ၄ နှစ်ပြည့်မြောက်သည့်အထိမ်းအမှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ထိုသို့ တိုက်ခိုက်မှုသည် Royal Falcon အဖွဲ့သူ/သားများ၏ ပုဂ္ဂလိကခံစးချက်ဖြင့် တိုက်ခိုက်ခြင်း မ ဟုတ်ပဲ ပြည်သူလူထုလိုချင်သော ဖက်ဒရယ်ဒီမိုကရက်စီ ရရှိစေရန် ပြည်သူလူထုကိုယ်စား အသံပြု ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း၊ နောက်နောင်တွင်လည်း အရေးပါ ထိရောက်သော စစ်ရေးတိုက်ခိုက် မှုများကို လိုအပ်လျှင် လိုအပ်သလို ဖော်ဆောင်ခြင်းအားဖြင့် ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ် ကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media