Poem

0 0
Read Time:1 Minute, 6 Second

ကဗျာကဏ္ဍ “မုဒိမ်း ဥပဒေ”

 

ပျိုးကြဲလက်

 

အမျိုးသမီးဆို စစ်မှုထမ်းဖို့

ဖမ်းဆီးလို့ ခြိမ်းခြောက်ပို ။

 

လူကွယ်ရင် စစ်ခွေးထုက

မုဒိမ်းကျင့်ဆို ။

 

စစ်မှုထမ်းတဲ့ ဥပဒေကို

စစ်ခွေးအလို ပြည့်စေငြား ။

 

မုဒိမ်းကောင်တွေ လူညွန့်တုံးအောင်

ကျဆုံးစေသား ။

 

အဟုတ်တိုက်ရင် တကယ်ပြေးတဲ့

စစ်ခွေးတို့ တပ်မတော် ။

 

ပြည်တခွင် အတုံးအရှုံး

စစ်ရှုံးလို့ကျော် ။

 

ဘဝပျက်လို့ မသာပေါ်

မိသားစုနော် ပျက်စီး ။

 

သံသရာ အပါယ်မလွတ်တယ်

ဝဋ်တွေက ကြီး ။

 

အမည်ခံ ပြည်သူ့စစ်ကွယ့်

တပ်သားသစ် စုဖွဲ့ခေါ်။

 

ပြည်သူကို ရန်သူမှတ်လို့

ငတ်ပြတ်ပေါ့နော် ။

 

သေချင်းဆိုးတို့ တမျှော်တခေါ်

မသာပေါ်တာ မမှတ်သေး ။

 

ခါတလေ

မသာတွေ ပြည်သူ့ဘက်ကိုလ

လက်နက်တွေ ရင်မှာပိုက်လို့

လိုက်ခဲ့ကွယ့်လေး ။     ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ည ၁၀ နာရီ ၅ မိနစ်

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *