အင်းစိန် CID ရုံးအနောက်ပေါက်ဂိတ်စောင့်ရဲများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အင်းစိန် CID ရုံး၏ အနောက်ပေါက် ဂိတ်စောင့်ရဲများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း Mother Son Yangon Force တပ်ဖွဲ့ ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက် ည ၉ နာရီ ၂၈ မိနစ်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အင်းစိန် CID ရုံး ၏ အနောက်ပေါက်ဂိတ်၌ လုံခြုံရေးစောင့်နေသော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ရဲများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်အဝ၌ စောင့်နေသည့် ရဲ ၂ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အင်းစိန် CID ရုံးအနောက်ပေါက်တည့်တည့်ဂိတ်ကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်သွင်းတိုက်ခိုက်တာ၊ ရခ ၂ ဦးကတော့ ပက်လက်လန်သွားတာ။ သေဖို့ကတော့ သေချာတယ်၊ မစ်ရှင်အောင်မြင်ခဲ့ပါတယ်” ဟု Mother Son Yangon Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Mother Son Yangon Force မြို့ပြပြောက်ကျား စစ်ဆင်ရေး ကွက်ကဲရေး အဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲဘော်များ ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media