Political News

0 0
Read Time:3 Minute, 48 Second

NLD ပါတီက အလုပ်တာဝန်များရပ်ဆိုင်းခံရပြီးနောက် ပါတီဝင်အဆင့်မှ နှုတ်ထွက်ကာ စစ်တပ်‌ ထောက်ခံပါတီ တည်ထောက်ခဲ့သူ ဒေါက်တာ သက်သက်ခိုင်ကို စစ်ကောင်စီက ပြည်ထောင်စု ဝန်ကြီးအဖြစ်မှ ထပ်မံထုတ်ပယ်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁

 

NLD ပါတီက အလုပ်တာဝန်များ ရပ်ဆိုင်းခံရပြီးနောက် ပါတီဝင်အဆင့်မှ နှုတ်ထွက်ကာ စစ်တပ် ထောက်ခံပါတီတည်ထောင်ခဲ့သူ ဒေါက်တာ သက် သက်ခိုင်ကို စစ်ကောင်စီက ပြည်ထောင်စုဝန်ကြီး အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က အကြမ်းဖက်စစ်ခေါင်းဆောင်၊ စစ်ကောင်စီယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ဦးဆောင်သော အစိုးရအဖွဲ့ ဖွဲ့စည်းရာတွင် ဒေါက် တာသက်သက်ခိုင်အပါအဝင် ပြည်ထောင်စုဝန်ကြီး ၃ ဦးကို ထုတ်ပယ်လိုက်ခြင်းကြောင်း၊ ထုတ်ပယ် ခံရသူများမှာ ပြည်ထောင်စုဝန်ကြီးတွေကတော့ ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ အလုပ်သမား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့် နောင် နှင့် အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ တို့ ဖြစ် ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိသော ဒေါက်တာသက်သက်ခိုင်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ ဩ ဂုတ်လ ၂၅ ရက်နေ့တွင် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ မြို့နယ် ပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင်များအဖြစ်မှ ရပ်ဆိုင်းခဲ့ပြီး ပါတီဝင်အဆင့်အထိလျော့ချခံခဲ့ရ သူဖြစ် ကြောင်း သိရသည်။

ထိုသို့ ပါတီဝင်အဆင့်အထိ လျော့ချခံခဲ့ရပြီးနောက် ပါတီမှ နှုတ်ထွက်ကာ ၂၀၁၉ ခုနှစ်တွင် ပြည်သူ့ ရှေ့ဆောင်ပါတီ အဖြစ် ထူထောင်၍၂၀၂၀ ခုနှစ်၊ ထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သော်လည်း ၎င်းထူထောင်ခဲ့သည့် ပြည်သူ့ရှေ့ဆောင်ပါတီသည် အမတ်နေရာ တစ်နေမှ အနိုင် ရရှိခဲ့ခြင်း မရှိပဲ ရှုံးနိမ့်ခဲ့သူဖြစ်သည်။

 

ထိုသို့ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ရှုံးခဲ့သည့် ဒေါက်တာသက်သက်ခိုင်သည် အကြမ်း ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် တိုင်းပြည်အာဏာကိုမတရားသိမ်းပိုက်ရန် တိုက်တွန်းခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ၎င်းအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ်ခန့်အပ်ပေးခဲ့သည်။

 

ထို့နောက် ၂၀၂၃ ဩဂုတ် ၃ ရက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ၎င်းက ပြည်ထောင်စုဝန်ကြီးရာထူး ထပ်မံထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *