တလုတ်မြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၂၅ ဦးထက်မနည်းသေဆုံး၊ စစ်တပ်က လေကြောင်း ဖြင့် ၆ နာရီခန့်ကြာသည်အထိမနားတမ်း ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် PDF တပ်ဖွဲ့ဝင် ၁ ဦးနှင့် ပြည် သူ ၁ ဦး ကျဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုတ်မြို့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅ ဦး ထက် မနည်းသေဆုံးပြီး စစ်တပ်က ၆ နာရီခန့်ကြာသည်အထိ လေကြောင်းဖြင့် မနားတမ်းပစ်ကူပေး တိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပြည်သူ ၁ ဦးကျဆုံးခဲ့ကြောင်း တော်လှန်ရေးသတင်းရင်း မြစ်များထံက သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ တလုပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ် စခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် ကောင်စီ တပ်သား ၂၅ ဦးထက်မနည်းသေ ဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်မိခါနီးချိန် နံနက် ၇ နာရီခန့်ကစ၍ အကြမ်းဖက်စစ်တပ်က လေ ကြေင်း၊ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့သဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
“PDF Taloke က ဦးဆောင်းပြီး တလုပ်မြိုကို ဝင်စီးခဲ့ရာ မြေပြင်အခြေအနေအရ ကိုယ့်ဘက်က သာ လွန်နေချိန် စစ်ကောင်စီရဲ့ အားသာချက်က လေယာဥ်အသုံးပြုနိုင်မှုပါပဲ။ ရန်သူစစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးများပြီး တလုပ်မြို့ကိုလက်လွတ်ရတော့မည့်အနေအထားတစ်ခုမှာ မနက် ၇ နာရီလောက်ကစပီး ညနေ ၁နာရီခွဲလောက်ထိ တစ်စီးပြီး တစ်စီး အဆက်မပြတ် တက်လာကာ ပြည် သူ့နေရာ တွေပါ မကျန် ဗုံးကြဲ ပစ်ခတ်နေခဲ့တဲ့ရန်သူလေကြောင်းရန်ကြောင့် မြို့ကိုသိမ်းနိုင်ခဲ့ခြင်း တော့မရှိခဲ့ပါဘူး။” ဟု ကိုနွေဦးမြောင်က ၎င်း၏လူမှုန်ကွန်ယက်ကတဆင့် ပြောဆိုထားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က Mi 35 ရဟတ်ယာဉ် ၂ စီးဖြင့် ၈ ကြိမ်၊ Y8 လေယာဉ်ဖြင့် ၃ ကြိမ်၊ Y12 လေယာဉ်ဖြင့် ၃ ကြိမ်၊ Jet Fighter ဖြင့် ၂ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့သည့်အပြင် မြင်းခြံမြို့ မှလည်း ဟောင်ဝှစ်ဇာလက်နက် ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး၊ ပြည်သူ ၁ ဦး ကျဆုံးကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ၁ ဦး နှင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“မြေပြင်ကတော့ ကျနော်တို့ ဖြတ်တောက်ထားနိုင်တဲ့အတွက် ရောက်လာတာမရှိဘူး။ သူတို့ဘက်က နည်းနည်းလေး တောင့်ခံနိုင်တဲ့အနေအထားရတယ်၊ ကျနော်တို့မှာက ကျည်အင်အားနည်းလာတာ ရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတာ၊” ဟု PDF Taloke တာဝန်ခံက ပြောဆိုသည်။
ယင်းတိုက်ပွဲအတွင်း ဆီမီးခုံမြို့ဆိပ်ကမ်းမှ စစ်ကူထွက်လာမည့် သင်္ဘောရန်ကို ကာကွယ်တိုက်ခိုက်ခဲ့ ရာ CDSOM တပ်ဖွဲ့မှ Fixed Wings Drone တစ်စီး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဒေါက်တာဖီးနစ်နှင့် ဆေး အဖွဲ့ကလည်း ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါကူညီပေးခဲ့ကြောင်း သိရသည်။
Video & Photo – ကိုနွေဦး -မြောင် (ရှေ့တန်းတစ် နေရာထိလိုက်ကာ ရန်ဘောများကို ဆေးကုသပေးနေသော ဒေါက်တာဖီးနစ်နှင့်ဆေးအဖွဲ့ Mi35ဖြင့် လာပစ်ချိန် ကတုတ်ကျင်းထဲ၌ ပုန်းခိုနေခြင်းအခိုက်အတန့်