တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ ကိုဖိုးသား၊ လူငယ်သပိတ် ကော်မတီ ဦးဆောင်သူ ကိုအောင်မင်းခိုင်၊ အဖွဲ့ဝင် မမြမဥ္ဇူနှင့်နိုင်/ကျည်းသူ မနှင်းအိခိုင်တို့ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁
တကသကျောင်းသားဟောင်းများအင်အားစု တွဲဖက်တည်ထောင်သူ ကိုဖိုးသား၊ လူငယ်သပိတ် ကော် မတီ ဦးဆောင်သူ ကိုအောင်မင်းခိုင်၊ အဖွဲ့ဝင် မမြမဥ္ဇူနှင့် နိုင်/ကျည်းသူ မနှင်းအိခိုင်တို့ကို စစ်ကောင် စီက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ကြောင်း တကသကျောင်းသားဟောင်းများ အင်အားစု က ထုတ် ပြန်သည်။
ယနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းရှိ အကြမ်းဖက်စစ် တပ် လက်အောက်ခံ တရားရုံးက တကသကျောင်းသားဟောင်းများအင်အားစု၏ တွဲဖက်တည် ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား၊ လူငယ်သပိတ် ကော်မတီ (YSC)၏ ဦးဆောင်သူ ကိုအောင်မင်းခိုင် (ခ) မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC)၏ အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင် တို့အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်ချ မှတ် လိုက်ခြင်းကြောင်း သိရသည်။
ထောင်ဒဏ်ချမှတ်ခံရသည့် ၄ ဦးစလုံးကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၄ ခုနှစ်စက်တင်ဘာလ ၁၉ ရက် နေ့တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တကသ ကျောင်းသားဟောင်းများ အင်အားစု အနေဖြင့် ရဲဘော်ရဲဘက်များအား ယခုကဲ့သို့ စစ် ကောင်စီ၏မတရားဖမ်းစီးထောင်ချမှုများကြောင့် နောက်ဆုတ်ကြောက်ရွံ့သွားမည် မဟုတ်ဘဲ ၎င်းရဲဘော်များ ကိုယ်စားအတွက်ပါ ပိုမို မြင့်မားထက်သန်သော ဇွဲလုံ့လတို့ဖြင့် စစ်အာဏာရှင်စနစ် အလုံးစုံ ပျက်သုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရက်တစ် လူ့ဘောင်ဖော်ဆောင်ရေးတို့အတွက် မဆုတ် မနစ် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media