မြောက်ဥက္ကလာပမြို့နယ်၊ ဌ ရပ်ကွက်ရုံးကို ဗုံးခွဲတိုက်ခိုက်မှု ၂ ဦးဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃၁
ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် ၊ (ဌ) ရပ်ကွက်ရုံးကို ဗုံးခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြောက်ဥက္က လာပမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ -ပကဖ ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက် ညပိုင်းက အကြမ်းဖက်စစ်ကောင်စီနှင့်ပူးပေါင်းကာ မြောက်ဥက္ကလာ ပမြို့နယ်အတွင်းရှိ ပြည်သူပိုင်မြေများ၊ မီးတာမြေကွက်များကို ရောင်းစားနေသော မြောက်ဥက္ကလာပ မြို့နယ်၊ ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား အဝေးထိန်းမိုင်း၊ လက်ပစ်ဗုံးများဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အုပ်ချုပ်ရေးမှူး ရုံးအတွင်း အကြမ်းဖက်စစ်ကား၊ ရဲကားများဝင်ရောက်သွားကာ အော်ဟစ်သံများ ဆူညံနေကြောင်း သိရသည်။
“အဲဒီ ဌ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးက ပြည်သူပိုင်မြေတွေ၊ မီးတား မြေကွက်တွေကို အကြမ်းဖက် (စကစ) နဲ့ ပူးပေါင်းပြီး ရောင်း ဝယ်နေ တာကို ပြည်သူတွေကနေ တိုင်ကြားတာ များလာလို့ တိုက် ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ လက်ပစ်ဗုံးရော၊ အဝေးထိန်းရော တိုက်ခိုက်ခဲ့တာပါ၊ လက်တလော ၂ ယောက် ထိထားတယ်လို့ သတင်းရထားပါတယ်၊ မြောက်ဥက္ကလာပထဲ စခ၊ ရခ ကားတွေ မီးတန်း ဖွင့်ပြီး မောင်းသွားနေပါတယ်၊ အုပ်ချုပ်ရေးမှူးရုံးထဲ စခ၊ ရခ ကားတွေဝင်သွားချိန်မှာ အော်ဟစ်သံ တွေဆူညံနေတယ်လို့ သိရပါတယ်” ဟု မြောက်ဥက္က လာပမြို့နယ် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ ရဲဘော်များ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ ပြီဖြစ်ကြောင်း သိရသည်။
“ပြည်သူပိုင်မြေ မီးတားမြေ ၊ ချောင်းအင်းကမ်းစပ်မြေကွက်တွေကို လက်ဝယ်ရရှိထားသူတွေ အနေနဲ့ လည်း တော်လှန်ရေးအလွန်ကာလမှာ အားလုံးပြည်သူပိုင်အဖြစ် ပြန်လည်သိမ်းဆည်းသွားမှာဖြစ်ပါ တယ်” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆို သည်။
Thanlwin Myanmar Media