War Crime News

0 0
Read Time:2 Minute, 37 Second

မြိုင်မြို့နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး ကြဲတိုက်ခိုက်မှု CDM ကျောင်းသူ ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက်စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ကျောင်းသူ ၁ ဦးသေဆုံးခဲ့  ကြောင်း We Love Myaing ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် သန်းခေါင်းယံအချိန် နံနက်အစောပိုင်း ၁၂ နာရီ ၅၃ မိနစ်က မြိုင်မြို့ နယ်အနောက်ပိုင်းရှိ အောင်ဆန်းတက္ကသိုလ်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီး ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ဇန်နဝါရီလ ၃၁ ရက် ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ကလည်း မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦး လေ တပ်မှ ဂျက်ဖိုက်တာ ၁ စီးဖြင့် အောင်ဆန်းတက္ကသိုလ်ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ CDM ကျောင်း သူ ၁ ဦးသေဆုံးပြီး ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Photo – အောင်းဆန်းတက္ကသိုလ်လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် CDM ကျောင်းသူမိန်းကလေး

 

ထို့အပြင် နံနက် ၅ နာရီ ၃၀ မိနစ်အချိန်တွင် မြိုင်မြို့အနောက်တောင်ဘက် စက်မှု ၂ သို့ ရောက် ရှိ နေသော အကြမ်းဖက်စစ်ကောင်စီတပ် ကလည်း ခြေလျင်စစ်ကြောင်းထွက်လာကာ နံနက် ၉ နာရီ ဝန်းကျင်တွင် ကံသာကောင်းရွာမြောက်ဘက်သို့ရောက်ရှိပြီး၊ ၎င်းမှတဆင့် ဆက်လက်ထွက်လာရာ မွန်းတည့် ၁၂ နာရီခန့်တွင် မြိုင်မြို့နယ် အရှေ့တောင်ဘက်ပိုင်း၊ မင်းကန်ရွာ အနောက်ဘက် သစ် တော အုပ်ထဲသို့ ရောက်ရှိခဲ့ကြောင်း ၊ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ညနေပိုင်းအထိ တောအုပ်ထဲ၌ ရှိနေခဲ့ကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီလ ၃၀ နံနက်ပိုင်းက ပခုက္ကူမြို့နယ် ၊ အနောက်ဘုန်းကံရွာကနေ ထွက်လာသည့် စစ်ကောင်စီတပ်သားများသည် ညနေ ၆ နာရီ ဝန်းကျင်၌ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ညောင်တွင်း (အရှေ့) ရွာအနီးသို့ ရောက်နေကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *