Sagaing News

0 0
Read Time:2 Minute, 9 Second

အရာတော်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ကင်းပုန်းစစ်သား၊ ပျူများကို တိုက်ခိုက်မှု ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၁

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင်အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ကင်းပုန်းစစ်သားများကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း – ရောင်နီဦးတပ်ရင်းထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၉ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းမှ ကား၊ ဆိုင် ကယ်များဖြင့် ထွက်လာသော အကြမ်းဖက်ကြောင်းနှင့် ကင်းပုန်းကြိုဝပ်နေသော အကြမ်းဖက် စစ် သား၊ ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အထိ မိနစ် ၃၀ ခန့်အကြာအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ယင်းတိုက် ပွဲအတွင်းအကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးကာ ၅ ဦးထက် မနည်း ထိခိုက် ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

“ဖြစ်တာက အရာတော်နဲ့ငွေတွင်း ညောင်ဒူးလေး အနာဝိုက်မှာက စစ်ကြောင်းနဲ့ဖြစ်တာပါ၊ အင်အား ကတော့ ကင်းပုန်းတွေရောစုစုပေါင်းရင် ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်၊ စခ၊ ပခ အသေ ၂ ယောက် နဲ့ ၅ ဒဏ်ရာရတာ ၅ ယောက်ရှိတယ်လို့ နောက်ဆုံးအတည်ပြုချက်ရထားပါတယ်” ဟု မုံရွာခရိုင် အ မှတ် ၁၉ တပ်ရင်း – ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ဗျုဟာ ၆၆ စစ်ကြောင်း မုံရွာခရိုင်တပ်ရင်း အမှတ် ၁၉ ၊ တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၆ ၊ အရာတော်မြို့နယ်ပကဖတို့နှင့်အတူ အခြားမဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *