SAC News

0 0
Read Time:3 Minute, 3 Second

ယာယီသမ္မတ မင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်မင်းအောင်လှိုင်ကို ထပ်မံ၍ အာဏာကုန်လွှဲအပ်

 

သံလွင်မြန်မာသတင်း

ဇန်ဝါရီလ ၃၁

 

ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် အစိုးရကို မတရားဖမ်းဆီးခဲ့ပြီး မတရား အာဏာ သိမ်းခဲ့သည့် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၊ ယာယီသမ္မတဖြစ်သူ မင်းအောင်လှိုင်က အကြမ်းဖက်စစ်စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ မင်းအောင်လှိုင်ထံ ထပ်မံ ၍ အာဏာကုန်လွှဲအပ်လိုက်ကြောင်း သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက် ၁၀ နာရီက အကြမ်းဖက်စစ်ကောင်စီဌာနချုပ်စိုက်ရာ နေပြည် တော်ရှိ မင်းအောင်လှိုင်ရုံးခန်း၌ ယာယီသမ္မတအဖြစ် တာဝန်ယူထားသူ မင်းအောင်လှိုင်က တပ်မ‌ တော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ မင်းအောင်လှိုင်ထံ နိုင်ငံတော်တာဝန်အရပ်ရပ်ကို အာဏာ ကုန်လွှဲ ပြောင်းလိုက်ခြင်းဖြစ်သည်။

ယင်းအစည်းအဝေးသို့ ယာယီသမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ အကြမ်းဖက်စစ် ခေါင်းဆောင် မင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးတီခွန်မြန် ဒုတိယတပ်မတော်ကာကွယ် ရေး ဦးစီးချုပ် စိုးဝင်း၊ ကာကွယ်ရေးဝန် ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် အကြမ်းဖက်စစ်ခေါင်းဆောင်က ခန့်အပ်တာဝန်ပေးထား သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်စစ်ခေါင်းဆောင် ယာယီသမ္မတမင်းအောင်လှိုင်က တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဖြစ်သူ မင်းအောင်လှိုင်ထံ အာဏာလွှဲပြောင်းရာတွင် စစ်အုပ်ချုပ်ရေးကာလကို ၄ နှစ် ပြည့်ပြီဖြစ် သော်လည်း လက်ရှိ နိုင်ငံတော်၏ အခြေအနေများမှာ ရွေးကောက်ပွဲကျင်းပရန် တည်ငြိမ်ရန် လိုအပ် နေသည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံသို့ အာဏာလွှဲပြောင်းကာ စစ် အုပ်ချုပ်ရေး ထပ်မံ ၆ လသက်တမ်းတိုးမြှင့်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်၌ ကြေညာခဲ့ကြောင်း သိရသည်။

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ အကြမ်းဖက် စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင် က ပြည်သူလူထု ရွေး ကောက်တင်မြှောက်ထားသော NLD အစိုးရသမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ဖမ်းဆီးကာ နိုင်ငံတော်အာဏာကို မတရားရယူ သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *