ရေးမြို့နယ်ရှိ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃၁
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာတိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Saw Dragon Force – SDDF တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ရေးမြို့နယ်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၁ တပ်ရင်းကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိ နိုင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကလည်း ၆၀ မမ လက်နက်ကြီးဖြင့် ၈ လုံးခန့်ရမ်းသမ်းပစ် ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ဗုံးချတာနဲ့ ရမ်းသမ်းပစ်ခတ်တာတော့ ထုံးစံပါပဲ၊ Target ကို ထိတယ်၊ ဗုံးသီး ၅၉၁ တပ်ရင်းထဲကို တည့်တည့်ကျတာ။ ၆၀ မမ လက်နက်ကြီးနဲ့က ၈ လုံး၊ ၉ လုံးလောက်ပြန်တာရှိတယ်၊ လက်နက်ငယ် တွေနဲ့လည်းပြန်ပစ်တယ်။ ကျနော်တို့ တပ်ဖွဲ့အနေနဲ့က လက်နက်ကြီးရော၊ ဒရုန်းရော ၊ မြေပြင်တိုက် ခိုက်ရေးရာ ဘက်စုံကနေ အာဏာရှင်ကို တိုက်ထုတ်နေခဲ့တာကြာပြီဖြစ်လို့ များများပံ့ပေးကြဖို့ လည်း မေတ္တာရပ်ခံချင်ပါတယ်” ဟု Saw Dragon Force – SDDF တပ်ဖွဲ့မှ သတင်းနှင့်ပြန်ကြား ရေးတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို P21803/ SAW DRAGON DRONE FORCE-SDDF နှင့် ရေးဘီလူးတပ်ရင်း ၊ တပ်ခွဲ ၁ တို့အတူ ပူပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အ ထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media