Mandalay News

0 0
Read Time:2 Minute, 33 Second

စဉ့်ကူးမြို့နယ် ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဆေးရုံအဆောက်အအုံထိခိုက်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၁

 

မန္တလေးတိုင်း၊ စဉ့်ကူးမြို့ပေါ်ရှိ စဉ့်ကူမြို့နယ်ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော် -မန္တလေးထံမှ သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၉ ရက် ညသန်းခေါင်းယံအချိန် ၀၀ နာရီ ၁၅ မိနစ်က စဉ့်ကူးမြို့ပေါ်ရှိ မြို့နယ် ပြည်သူ့ဆေးရုံကို အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဆေးရုံ အဆောက်အအုံထိခိုက်ပျက်စီးခဲ့ခြင်းဖြစ်ပြီး လူနေထိုင်ခြင်းမရှိသဖြင့် မည်သူတစ်ဦးတစ်ယောက်မှ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။

“စကစဟာ ဆေးရုံမှန်း သိသိလျက်နဲ့ လေကြောင်းကနေ တိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။ ညသန်းခေါင် လူမနေတဲ့ အဆောက်အအုံထဲကျရောက်ပေါက်ကွဲတဲ့အတွက် လူပုဂ္ဂိုလ်ထိခိုက်မှုတော့မရှိပါဘူး။ အ ဆောက်အအုံတွေတော့ တော်တော်ပျက်စီးသွားပါတယ်” ဟု ပြည်သူ့ကာကွယ် ရေးတပ်မတော် -မန္တလေး၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။

 

စဉ့်ကူးမြိုနှင့်အနီးဝန်းကျင်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသလို တိုက်ပွဲဖြစ်ပွားရာနေရာများနှင့်လည်း အလှမ်းကွာဝေးသော နေရာဒေသတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီအနေဖြင့် အကြောင်းမဲ့ သက်သက် အများပြည်သူနှင့်သက်ဆိုင်သည့် မြို့နယ်ပြည်သူ့ဆေးရုံကို တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံများအား ဦးတည်တိုက်ခိုက်နေ သည်ကို တွေ့ရှိရပြီး စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် – မန္တလေး က သတင်းထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *