သရက်ချောင်းမြို့နယ်၊ ရွှေဂူစစ်တပ်ဂိတ်စခန်းနှင့် ခြေကုပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက် ၁၁ လက်နှင့်အတူ ခဲယမ်းအများအပြားသိမ်းဆည်း ရရှိ
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃၀
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူ ဂိတ် စခန်းနှင့် ခြေ ကုပ်စခန်းကုန်းကို တော်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခဲ့ရာ စစ်သား ၅ ဦး သေ ဆုံးပြီး စစ်သုံ့ပန်း ၄ ဦးနှင့်အတူ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲ ၂ နာရီခန့်က သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးကျေးရွာ၊ ရွှေဂူ ဂိတ် စခန်းနှင့် ခြေကုပ်စခန်းကုန်းကို တော်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက် ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ၅ နာရီ ဝန်းကျင်ခန့်ကြာမြင့်ခဲ့ကာ အကြမ်းဖက်စစ်သား ၅ ဦး သေ ဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထိုအပြင် ငါးကြင်းမြီး အမျိုးအစား သေနတ် ၁ လက်၊ MA-4 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုးအစား သေနတ် ၃ လတ်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ MA-1 အမျိုးအစား သေနတ် ၄ လက်၊ ၆ဝ (ကွန်မန်ဒို) စိန်ပြောင်း ၁ လက်၊ ၁၄ နင်းမိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ လိပ်ခုံးမိုင်း ၅ လုံး၊ လက်ကိုင်ဖုန်း ၈ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရရှိကာ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်းနှင့် စခန်းကုန်းကို သိမ်းပိုက်မီးရှို့ ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ် တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) ၊ ဖက်ဒရယ်ဓူဝံကြယ်ဒရုန်းတပ်ခွဲ (FPF) နှင့် ဒေါင်းညီနောင်စစ်ကြောင်း တပ်ခွဲ ၁ တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးများအား အရှိန်အဟုန်တိုးမြင့်စွာ ဆောင်ရွက် နေသည့်အချိန် ဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအထူး သတိ ၊ သတိပြု သွားလာနေထိုင်ကြရန် တိုက်တွန်း ထားသည်။
တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသည်နှင့်အမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လို သော စစ်ကောင်စီတပ်မှ စစ်သည်တော်များ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင် ခိုလှုံ၍ အမြန် ဆုံး ပူးပေါင်းပေးကြပါရန် ဆက်လက်၍ တိုက်တွန်းဖိတ်ခေါ်ထားသည်။
Thanlwin Myanmar Media