Sagaing News

0 0
Read Time:3 Minute, 19 Second

ဇီးကုန်းမြို့တွင် စစ်သား၊ ရဲ၊ ပျူများပူးပေါင်းပြီး ပြည်သူ ၁၀၀ ခန့်ကို အတင်းအဓမ္မဝင်ရောက်ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၀

 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် အကြမ်းဖက်စစ်သား၊ ရဲ ၊ ပျူများပူးပေါင်းပြီး ပြည်သူ ၁၀၀ ဦးခန့်ကို အတင်းအဓမ္မဝင်ရောက်ဖမ်းဆီးသွားကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနား ကားလမ်း၏ အနောက်ဘက် ၅ မိုင်အကွာရှိ ဇီးကုန်းမြို့ကို ကန့်ဘူလူမြို့မှ မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် စစ်သား၊ ရဲများပူးပေါင်းပြီး ယူနီဖောင်းအပြည့်အစုံ၊ ရဲ ကား ၃ စီးဖြင့် ရောက်ရှိလာကာ နံနက် ၉ နာရီ ၃၅ မိနစ် အချိန်မှစတင်၍ ဇီးကုန်းမြို့ပေါ်ရပ်ကွက်များအပြင် နဂါးပေါ်ရွာနှင် ပုပ္ပါးရွာတို့မှ ပြည်သူ ၁၀၀ ဦး ခန့် ကို အတင်းအဓမ္မဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

Photo – အတင်းအဓမ္မဖမ်းဆီးခံရပြီး စစ်မှုထမ်းသင်တန်းပို့ခံရသူများ

ထိုသို့ ဖမ်းဆီးရာတွင် ကန့်ဘလူမြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲများက ဇီးကုန်းမြို့ပေါ်ရှိ စစ်ကောင် စီ တပ်သား၊ ပျူများနှင့် ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူငယ်များကို အတင်းအဓမ္မလိုက် လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ၎င်းစစ်ကောင်စီတပ်၊ ပျူ နှင့်ရဲပူးပေါင်းအဖွဲ့သည် နဂါးပေါ်ရွာနှင့် ပုပ္ပါးရွာတို့ အတွင်းသို့ ကားများဖြင့် ဝင်ရောက်ခဲ့ကာ ထပ်မံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး  ဖမ်းဆီးရရှိသူများကို ကား ၄ စီးဖြင့် ဇီးကုန်းသကြားစက်သို့ ခေါ်ဆောင်သွား ကြောင်း သိရသည်။

 

“မနက်၉ နာရီကျော်မှာ ဇီးကုန်းတစ်မြို့လုံး ရှုပ်ယှက်ခတ်နေတာ အင်အားအလုံးအရင်းနဲ့ပေါ် တာဆွဲ တာ၊ အဲ့ဒါ တင်မကဘူး၊ ဇီးကုန်းနဲ့ကပ်လျက်က နဂါးပေါ်နဲ့ ပုပ္ပါးရွာတွေဘက်မှာ ထပ်ဆွဲတာ ဘယ်ဆီ က ဘယ်နှစ်ယောက်ဆိုတာ အတိအကျမသိသေးပေမယ့် ဖမ်းခံရတာ ၁၀၀ လောက်ရှိတယ်လို့ ပြော ကြတယ်။ အစက ဇီးကုန်းသကြားစက်ခေါ်သွားတယ်၊ အဲ့ဒီကနေ ကား ၄ စီးနဲ့ ဇီးကုန်းဘက်ပြန် ခေါက်တယ်လို့သိရတော့ ကန့်ဘလူ ၆၀၀၆ ကို တန်းပို့မလားမသိဘူး၊ သားသမီးပါသွားတဲ့ မိဘတွေ တော့ အရူးတပိုင်းဖြစ်နေတယ်၊ ပိုက်ဆံတတ်နိုင်တဲ့သူကတော့ ရွေးလို့ရမလားပေါ့ဗျာ၊ မတတ်နိုင်တဲ့ သူကတော့ ဘာတတ်နိုင်မလဲ ကျွန်တော်တို့ပြည်သူတွေရဲ့ဘဝက မရူးရုံတမယ်ပဲ” ဟု ဒေသခံတစ်ဦး မှ ပြောကြားသည်။

 

ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကန့်ဘလူမြို့နယ် ပျူခေါင်းဆောင်ဝါသဝ၊ မြို့ပေါ်ရပ်ကွက်ရှိ အုပ်ကြီး များမှ ဦးဆောင်၍ စစ်မှုထမ်းရန်ပေါ်တာဆွဲဖမ်းဆီးမှုများကို မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေး ရွာ တချို့ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *