ယင်းမာပင်မြို့နယ်၊ မြောက်ယမားချောင်းအတွင်း ကျောက်လမ်းတံတားတစ်ခုကို PDF တပ်ဖွဲ့မှ တည်ဆောက်ပေး
သံလွင်မြန်မာသတင်း
ဇန်နဝါရီလ ၃၀
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းရှိ မြောက်ယမား ချောင်းကူး ကျောက်လမ်းတံတားတစ်ခု ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း Black Shadow PDF တပ်ဖွဲ့ထံမှ သိရသည်။
ယင်းတံတားသည် ပြည်သူများ စစ်ဘေးရှောင်ရာတွင်လည်းကောင်း၊ အကြမ်းဖက်အာဏာရှင် စစ် တပ်ကို အမြစ်ရာတွင်လည်းကောင်း အရေးပါသည့် ကျောက်လမ်းတံတားတစ်ခုဖြစ်ပြီး တည်ဆောက် ကုန်ကျစရိတ်ငွေမှာ သိန်း ၄၀ ကျပ်ဖြစ်ကြောင်း၊ ယင်းကုန်ကျစရိတ်ငွေများကို Black Shadow အဖွဲ့ မှ ၃၉ သိန်း အသုံးပြုကာ ဆားလင်းကြီးတောသားကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ၅ သောင်း ကျပ် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
“ဒီလမ်းကတော့ တော်တော်အရေးပါတယ်၊ ဘယ်လောက်အထိ အရေးပါလဲဆိုတော့ ယင်းမာပင် ခရိုင် အတွင်း ဆားလင်းကြီး – ယင်းမာပင် ပုသိမ် -မုံရွာလမ်းကြီးမှာဆိုရင် ဝမ်ပေါင်ကုမ္ပဏီမှာက ရန် သူ့စစ်ကြောင်း ထိုးစစ်ဆင်နေတဲ့အချိန်တွေရှိတယ်၊ အဲဒီအချိန်မျိုးမှာဆိုရင် အရင်ကရှိခဲ့တဲ့ တံတား ဟောင်းကြီးက အသုံးပြုလို့မရဘူး။ စစ်ကြောင်းက ပုသိမ် -မုံရွာလမ်းပေါ်မှာ ထိုးလာပြီ ဆိုရင် ပြည်သူ လူထုအတွက်ရော၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအတွက်ရော အဆင်ပြေတဲ့လမ်း တစ်ခုပါ၊ အခုလမ်းက ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ ၃ မြို့နယ်ကို ကောင်းကောင်းအသုံးပြုလို့ရပါတယ်၊ မိုးရာသီဆိုရင်တော့ မိုးမများတဲ့အချိန် အသုံးပြုလို့ရတဲ့ တံတားခုပါ” ဟု Black Shadow PDF တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ လမ်းလုပ်ဆောင်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်းအမှတ်- ၃၀- ADPRA တပ်ခွဲ့ ၂ BLACK SHADOW PDF အဖွဲ့မှ ဦးဆောင်ကာ ရပ်ရွာပြည်သူလူထုများ၊ ရပ်ရွာ ပလဖ ၊ ပကဖ အဖွဲ့များလည်း ပူးပေါင်းပါဝင်ကူညီလုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media